ကြူးစိန်များနှင့် Part 3

628 46 0
                                    


ဒီနေ့တော့ Official အတန်းတွေစဝင်ရတော့မည်

ရသစာပေကို ကိုယ်တိုင်စိတ်ဝင်စားတာမို့ စာတွေဖတ်ရင်း ငယ်ငယ်ရွယ်ရွယ်နဲ့ Professor ဖြစ်လာသောသူ့ကို  သူတို့နယ်ပယ်မှာတော့ Little Human- encyclopedia  (လူသား စွယ်စုံကျမ်းလေး)ရယ်လို့ ခေါ်ကြသည် ...တကယ်တော့ 80% Introvert ဖြစ်တဲ့ သူက စာအုပ်တွေဖတ်ရင်းအချိန်ကုန်လာရာကနေ
ရသစာပေဆရာတစ်ဆူထိဖြစ်လာခဲ့တာထင်သည်။

ပထမဆုံးဝင်ရမယ့် အတန်းကို ဝင်လိုက်တာနဲ့ လန့်တောင်လန့်သွားမိသည်
မနေ့က ဝင်နှုတ်ဆတ်တုန်းက တစ်ယောက် ၊နှစ်ယောက်ပဲရှိတဲ့အတန်းက အခု Hall အပြည့်☺

ပြီးတော့ အတန်းထဲမှာ "Byun Baekhyun Sam"
Welcome ဆိုတဲ့ Banner မျိုးစုံ တွေနဲ့ 😁

မသိရင် Concert ရောက်နေသလိုပဲ တော်သေးတယ် Light Stick တွေပါ မပါလို့

"အရင်ဆုံး မနေ့က နှုတ်ဆတ်ပြီးပြီဆိုပေမယ့် ဒီနေ့ ပြန်နှုတ်ဆတ်ပါမယ်နော် ကျွန်တော် Baekhyun ဖြစ်ပါတယ်။ဒီကကျောင်းသူ၊ကျောင်းသားတွေကို
အနုပညာရသစာပေ ပို့ချသွားမှာဖြစ်ပါတယ်"

{♥အရင်ဆုံးဆိုတဲ့ စကားလုံးလေးက သဲသဲလေးပြောနေကျစကားလေး အသဲက တစ်ခုခုပြောမယ်ဆို "အရင်ဆုံး..."ဆိုတာလေးထည့်ပြောတာ သတိထားမိလား)

"Sam ...Sam ကိုယ်တိုင်က အနုပညာပါပဲ"

ကျောင်းသူတစ်ယောက်က အသံကျယ်ကြီးထအော်လိုက်တော့ အကုန် လက်ခုပ်ဝိုင်းတီးပြီး အော်ကြပြန်သည် ...တကယ်မနိုင်စိန်လေးတွေပဲ

"Sam...ကျောင်းချိန်တွေကို တိုးပေးဖို့တောင်းဆိုပါတယ်"

"Sam...ကျွန်တော်တို့ နတ်ပြည်ရောက်နေတာလား
Angel လေးက Sam ယောင်ဆောင်ပြီး ဆင်းလာတာလား "

"Sam ဒီမနက် ကောင်းကင်ကြီးပျောက်နေလို့ လိုက်ရှာနေတာ ကောင်းကင်ကြီးက စာသင်ခန်းထဲရွှေ့လာတာပဲ "

တစ်ယောက်တစ်ပေါက် ပြောနေကြသံတွေကို
Baekhyun မှာ လက်ယမ်းပြီး ပြုံးသာပြနေရသည်

တက္ကသိုလ် ကျောင်းသားဘဝကို ကိုယ်တိုင်လည်း လွတ်လွတ်လပ်လပ်နဲ့ ဖြတ်သန်းလာသည်မို့ သူတို့စိတ်ထဲ ကိုယ့်ကိုမလေးစားလို့ ပြောနေတာမဟုတ်မှန်းနားလည်သည်လေ။

ဒီလိုနဲ့ပဲ ဒီနေ့ သူ့ရဲ့ မနက်ခင်းအတန်းတွေ အားလုံး ပျော်ပျော်ပါးပါး ချောချောမွေ့မွေ့ပြီးသွားခဲ့သည်။
 

Nothing MattersWhere stories live. Discover now