Love in His Eyes

372 39 10
                                    

Standby, Ready,1, 2, 3 Cue!

“အားလုံးပဲ စောင့်မျော်နေတဲ့ Youth’s Corner အစီအစဉ် မှ ပြန်လည် ကြိုဆိုပါတယ်ရှင်”

ကင်မရာနဲ့ အသားကျသွားတာမို့ ဘက်ခဟျွန်း ပုံစံက အေးဆေးတည်ငြိမ်စွာနဲ့ ပိုကြည့်ကောင်းနေသည်

ပြုံးပြနေတာလေးက အရမ်းချစ်ဖို့ကောင်းနေတာ မဟုတ်ဘူးလား

ချန်းယောလ်က အစီအစဉ် ကို လိုက်လာနိုင်ဖို့ တော်တော်လေး ပူဆာခဲ့ရတာ

အလုပ်ကို အာရုံမစိုက်နိုင်မှာ ဆိုးလို့ မလိုက်ခဲ့ပါနဲ့
ဆိုတဲ့ ကောင်လေးက အခုတော့ သူရှိတာ သတိရသေးရဲ့လား မသိပါဘူး

မေးသမျှမေးခွန်းတိုင်းကို ဖြေနေပုံလေးက ဘာစိတ်ဖိစီးမှုမှ မရှိပဲ သူငယ်ချင်းတစ်ယောက်ကို ကော်ဖီဆိုင်မှာ ထိုင်ပြီး စကားပြောနေသလိုပဲ

တစ်ချက်တစ်ချက် ဘက်ခဟျွန်းနီးရဲ့ ရယ်သံလွင်လွင်လေးကြောင့် ဘာ music မှတောင်မလို၊ သူတီးခတ်ဖူးသမျှ  ဂီတ တူရိယာတွေထက်ချိုမြနေသည်

Wait What? အဲ့ဒီ Presenter  အစ်မကြီးက
ငါ့ဘက်ခဟျွန်းလက်မောင်းကို ကိုင်လိုက်တာလား!

ကျစ် မလိုအပ်ဘဲနဲ့ကိုင်တာကွာ!

ဟိုတစ်ယောက် ဂျူဝန်း လား ဂျုံဝူး လား အဲ့တစ်ယောက်က ငါ့အသဲ ပြောတာကို ပြုံးပြုံးကြီး ထောက်ခံနေတော့တာပဲ!

မေးခွန်းတွေက လည်း ဘက်ခဟျွန်းကိုပဲ မေးတာက များနေတာမဟုတ်ဘူးလား၊ ငါ့အသဲ‌လေးတော့ ပင်ပန်းနေတော့မှာပဲ!

သူက PD နောက်ခပ်လှမ်းလှန်းက နေ
တစ်ကျစ်ကျစ်နဲ့ ဖြစ်နေတာကြောင့်ထင်တယ်
PD က လှည့်ကြည့်တာမို့ သွားဖြီးပြရသေးသည်

ဒီးးး(Message)

Mark:  [Hyung အပြင်မှာရောက်နေပြီနော်]

အာ ဟုတ်သား၊ ရိုက်ကူးရေးအဖွဲ့တွေအတွက် ဆိုင်က ကော်ဖီနဲ့ မုန့်မှာပေးထားတာ မေ့နေတယ်

ချန်းယောလ် မုန့်တွေထွက်ယူပြီး ပြန်အဝင်

"ဟင်...​မောင် အဲ ချန်းယောလ်"

"အာ Noona"

"ချန်းယောလ်က ဒီကို ဘယ်လိုလုပ်ပြီး"

Nothing MattersWhere stories live. Discover now