Drown

356 46 18
                                    

Chanyeol POV

သူ ဖုန်းထပ်ဆပ်ပေမယ့် ဘက်ခဟျွန်းက ကိုင်တောင်မကိုင်တော့
ညစာ သွားစားတာ ဆိုရင်လည်း ဒီအချိန်ပြန်လာသင့်နေပြီမလား

ချန်းယောလ်ဟာ လက်က နာရီကို ငုံ့ကြည့်လိုက်တော့ 12 နာရီတောင် ထိုးတော့မှာမို့ ဘာကိုစိတ်တိုမှန်းမသိကို တိုနေတော့တာ

အိမ်ထဲကနေ ခဏခဏထွက်ပြီး
အပြင်ထွက်ကြည့်နေရတာ စိတ်မရှည်တော့တာမို့
ကော်ရစ်ဒါထွက်ပြီး လမ်း ကို ခေါက်တုန့်ခေါက်ပြန် လျှောက်နေရတဲ့အထိ

ညစာ စားတဲ့ထဲတစ်ယောက်ယောက်ကများ ဆေးခက်လိုက်သလား အားသူ့အတွေးကြီးက အရမ်း
ဒရမ်မာ ဆန်လွန်းနေတာ မဟုတ်ဘူးလား ဒါကတော့မဖြစ်နိုင်ဘူး

ကလေးတွေနဲ့ သွားတာပါတဲ့ဆို...ဘာကလေးလဲ တက္ကသိုလ်ကျောင်းသားအရွယ်တွေက ကလေးမှ မဟုတ်တာ ဘက်ခဟျွန်း ကိုဆို မသိရင် ရွယ်တူတောင် ထင်ရတာကို

သူ ​ဖုန်းတစ်ခေါက် ထပ်ခေါ်ကြည့်လိုက်တော့လည်း မကိုင်ပြန်

မဖြစ်ဘူး ကားပါကင်မှာ သွားစောင့်မှပဲ Car Parking မှာက ညနက်တော့ လူပြက်နေပြီရယ်

အတွေးနဲ့ သူ ဓာတ်လှေကားဆီ ဦးတည်လိုက်ပြီး ကားပါကင်ကို ဆင်းလာခဲ့ချိန် တံခါးပွင့်သွားတာနဲ့
မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါသက ထောင်းခနဲထွက်သွားရသည်

အမျိုးသားတစ်ယောက်က ဘက်ခဟျွန်းရဲ့ ခါးကို
ပွေ့ပြီး တွဲခေါ်လာတာ ၊ ပြီးတော့ ဘက်ခဟျွန်းရဲ့ ပုံစံက သရုပ်ပျက်ပြီး မူးနေတာမျိုးမဟုတ်ဘဲ အလိုက်သင့် မှီပြီး လိုက်လာတာမျိုး။

ဝတ်ထားတဲ့ ရှပ်အကျီအနက်ကို ကြယ်သီးပါဖြုတ်ထားလိုက်သေးတာမို့၊ရင်ဘက်ဖွေးဖွေးဟာ အထင်သား

တောက် အဲ့ဒီကောင်ကို ငါသတ်မိတော့မှာပဲ

"တဆိတ် ဖယ်ပေးလို့ရမလား ခင်ဗျ"

သူက အရှေ့မှာ ပိတ်ရပ်နေသလို ဖြစ်တာမို့ ဘေးကတစ်ယောက်က ပြောလာသည်

"မင်းကဘယ်သူလဲ" ချန်းယောလ်က ဘေးကတစ်ယောက်ကို ပြုံးတောင် မပြဘဲ ဒေါသသံနဲ့ မေးလိုက်တော့ ဘက်ခဟျွန်း က အဲ့တစ်ယောက်ကို ပါးလှမ်းဆွဲရင်း " ကျွန်တော့် ကလေးလေးလေ" လို့ ဖြေလိုက်တာမို့ အဲ့ဒီတစ်ယောက်ဆီက ဘက်ခဟျွန်းကို လှမ်းဆွဲပွေ့လိုက်တယ်

Nothing MattersWhere stories live. Discover now