Arc 8 part 12

44 5 0
                                    

    Hiraki မျက်လုံးတွေကို ကြိုးစားဖွင့်လိုက်ပြီး မရင်းနှီးတဲ့ပတ်ဝန်းကျင်ကိုစူးစမ်းလိုက်သည်။ အိပ်ရာခင်းမှာအေးစက်နေသော်ငြား သူ့ခန္ဓာကိုယ်ကတော့ နွေးထွေးလို့နေသည်။

    "နိုးပြီလား" ဆန့်ကျင်ဘက်မလှမ်းမကမ်းဆီမှ မိန်းမပျို၏အသံထွက်ပေါ်လာသည်။ သာမာန်ကာလျှံကာ အမေးစကားပေမယ့် ချော့မြှူနေသလိုခံစားချက်မျိုးပင်။

      အသံလာရာကိုလှမ်းကြည့်လိုက်သော် စာရင်းစာအုပ်တွေအား လှန်လှောနေသည့်အမျိုးသမီးတစ်ယောက်ကို မြင်ရလေသည်။ မဲနက်နေသောဆံနွယ်များအား ပိုးကြိုးအပြာရောင်ဖြင့် ခပ်လျော့လျော့ချည်နှောင်ထားပြီး ခုံထက်တွင်လျော့တိလျော့ရဲထိုင်နေပုံမှာ သေချာပေါက်ပျင်းရိနေသည့်ပုံပေါ်လင့်ကစား တောအုပ်အတွင်းရှိလွတ်လပ်သည့်ငှက်ကလေးလိုပင်။

    သူ၏စူးစမ်းသလိုအကြည့်များကြောင့်ထင် မိန်းမပျို၏ဘေးတိုက်အနေအထားမှာ ပြောင်းလဲသွားပြီး သူ့ဆီလှမ်းလာနေသည်။ မျက်ဝန်းပြာပြာတို့မှာ ရေခဲနန်းတော်ရှိ ရှားပါးအဖိုးတန်ကာ တဖျတ်ဖျတ်လတ်နေသည့်ကျောက်မျက်ရတနာများလိုပင်။ အနှီမိန်းမပျိုက မျက်နှာထက်တွင်အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး သူ့အားကြည့်လာသောအခါ အပြာရောင်မျက်လုံးများဆီမှ အေးစက်မှုများ အ‌ရည်ပျော်သွားကာ ရင်းနှီးကျွမ်းဝင်မှုတို့ အစားထိုးလာသည်ပင်။

     သို့သော် ထိုမျက်ဝန်းတို့ဆီမှ ရင်းနှီးကျွမ်းဝင်မှုတို့သတိထားမိရမည့်အစား ဤမျက်နှာပိုင်ရှင်သည့် သူ့ကြင်ယာတော်ဖြစ်ကြောင်းကိုသာ သတိပြုမိသွားသည်။ ငုပ်လျှိုးနေသောဒေါသမှာ နောက်တစ်ခါထွက်ပြူလာပြန်သည်။ ဒီမိန်းမ သူ့ကို အစောကြီးထဲကလိမ်လည်လှည့်ဖျားနေတာပဲ။ တွန့်လိမ်နေတဲ့ရွှေရောင်ဆံပင် ရွှေရောင်မျက်လုံးတွေက လက်စသတ်တော့ အတုတွေ။

     ကုတင်ထက်ကလူက ဟမ့်ခနဲ နှာမှုတ်လျက် သိသိသာသာသူမအား မုန်းတီးဟန် ပြလာသောအခါ misaki ရှင်းပြရန် မကြိုးစားမိပေ။ ဘာနေနေ သူမက ဒီကောင်လေးကို လှည့်ဖျားရတာမျိုး အရင်ထဲကကြိုက်တယ်လေ။

How to flirt with the final boss 2Место, где живут истории. Откройте их для себя