ညသည် စိတ်ဓာတ်ကျဖွယ်ကောင်းလောက်အောင် မှောင်မိုက်နေပြီး အခန်းထဲရှိယောက်ျားထံမှ ပြတ်တောင်းပြတ်တောင်း ငိုညည်းသံအချို့ထွက်လာနေသည်။ Robert မှာ မျက်လုံးဖွင့်မကြည့်ရဲလောက်အောင်ပင် တုန်လှုပ်ခြောက်ခြားနေသည်။ သူ့၏ အကောင်းတကာ့အကောင်းဆုံး system နှင့်လည်း ဆက်သွယ်၍ မရသလို သူ၏ညာဘက် လက်သန်းသည်လည်း တစ်စစီကြေမွသွားပြီး system၏အကူအညီသာမရှိလျှင် အကောင်းတိုင်းပြန်ဖြစ်ဖို့ မလွယ်ကူတော့ပါ။ ပိုစိတ်ဓာတ်ကျဖွယ်အကောင်းဆုံးမှာ သူ့အား ဤကဲ့သို့ ခွေးလိုဝက်လိုသဘောထားပြီး ရိုက်နှက်သွားသူမှာ မည်သူဖြစ်ကြောင်း လုံးဝခန့်မှန်း၍ မရခြင်းပင်။ William ဟုလည်း မထင်မိပါ။ သူ့၏ဝမ်းကွဲအစ်ကိုသာဆိုလျှင် တိုက်ရိုက်တွေ့ပြီးဖြေရှင်းလိမ့်မည်။ အခြား ဖြစ်နိုင်ချေ ရှိသူကိုလည်း စဉ်းစား၍မရပါ။
00 သည်လည်း ဒီအခြေအနေကို ကြိုတင်မျှော်လင့်ပြီးဖြစ်သည်။ မုန်တိုင်းက လုံးဝပျောက်ကွယ်သွားခြင်းမရှိဘဲ သုံးလေးရက်လောက် အရှိန်ယူငြိမ်သက်နေခြင်းဖြစ်သည်။ host က သေအောင်ရိုက်သတ်လုနီးပါးဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူတွင် ဇာတ်လိုက်ရောင်ခြည်ရှိနေလေရာ တကယ်သေသွားမည်ကို စိုးရိမ်စရာမလိုပေ။ တစ်ဖက်လူ မိမိတို့ကို သတိထားမိသွားမည်ကတော့ ပိုစိုးရိမ်စရာမလိုသော ကိစ္စပင်။ တကယ်လည်း သဲလွန်စပင် ရှာမတွေ့ခဲ့ပါ။ Robert တစ်ယောက် မိမိ၏အသုံးမကျသော system ကို ရိုက်ချိုးပစ်ချင်လာသည်အထိ ဒေါသထွက်လာသည်။ သူ ကူကယ်ရာမဲ့စွာ နာကျင်ဝေဒနာခံစားပြီးနောက် မေ့မျောသွားကာ ပြန်သတိရလာချိန်တွင် system နှင့် ပြန်ဆက်သွယ်လို့ရသွားသဖြင့် စိတ်သက်သာရာရသွားသော်ငြား ကုသရန်နှောင့်နှေးသွားမှုကြောင့် မိမိ၏ညာဘက်လက်သန်းလေးမှာ အကောင်းအတိုင်းပြန်မဖြစ်နိုင်တော့ ဟူသော သတင်းဆိုးက ဆီးကြိုနေခဲ့၏။
ပတ်တီးအထပ်ထပ်ဖြင့် ပတ်စည်းထားရသော လက်သန်းမှာ ဘာအထိအတွေ့ကိုမှ မခံစားမိတော့လေရာ Robert တစ်ယောက် ရူးသွပ်သွားလုနီးပါးပင်။ သူက William ရဲ့ညာဘက်လက်ကို ချိုးပစ်ချင်ခဲ့ပေမယ့် တကယ်တမ်းကျိုးသွားတာ သူ့လက်သန်းဖြစ်နေသည်။ ဒီကိစ္စက William နှင့်မပတ်သတ်ပါဘူး ပြောလျှင် သူရူးသွားရင်တောင်မှ မယုံနိုင်ပါ။ တစ်ယောက်ယောက်က သူ့ကို သားကောင်လို သဘောထားကာ ချောင်းမြောင်းနေသည်ကို ခံစားမိနိုင်၏။ အမြဲတစေ အကွက်ချစီစဉ်ကာ လိမ္မာပိရိသော Robert မှာ အသိစိတ်ပင် ပျောက်ကွယ်လုနီးနီး ဒေါသထွက်နေသည်။ သူ့အား ထိခိုက်အောင်လုပ်သွားသူကို ရအောင်ရှာပြီး ပြန်ကလဲ့စားချေပစ်မည်။ သို့သော် 00 ပြောခဲ့သလို ဒီကမ္ဘာတွင် misaki ၏သရုပ်မှန်နှင့် သူမ၏တည်ရှိမှုကို ဖော်ထုတ်ခြေရာခံနိုင်ရန်မှာ လုံးဝဖြစ်နိုင်ချေမရှိသောကိစ္စဖြစ်သည်။ misaki သည် ရုံးချုပ်လက်အောက်တွင် ကမ္ဘာကူးပြောင်းနေသူ ဖြစ်လင့်ကစား သူမက Robert လိုမျိုး တစ်ဝက်တစ်ပျက်အနေအထားမှ ကူးပြောင်းလာသူတို့နှင့် မတူပါချေ။ သူမ၏မွေးဖွားခြင်းမှအစ ကြီးပြင်းလာသည်အထိ အစစ်အမှန်ကာလတစ်ခုဖြစ်ပြီး သူမ၏ဒဏ္ဍာရီလာတည်ရှိမှုကို စောင့်ရှောက်သူများကပင် ကမ္ဘာ၏တစ်စိတ်တစ်ပိုင်းအဖြစ် လက်ခံထားရသည့်အနေအထားပင်။ ထို့ကြောင့် ကိုယ့်အိမ်၌ပင် ရုပ်ကျက်ဆင်းပျက်ဖြစ်အောင် အရိုက်ခံလိုက်ရသည့်ကိစ္စမှာ စိတ်တိုခံပြင်းစရာကောင်းလင့်ကစား Robert အနေနှင့် ကြိတ်မှိတ်သည်းခံကာ ကျော်သွားရုံသာ တတ်နိုင်တော့သည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.