Arc 10 part 22

15 3 1
                                    

       D-Day။ Robert က ဒီနေ့ တိုက်ပွဲတွင် သူ မရှုံးနိမ့်ဖို့ အယုံကြည်လွန်နေသူဖြစ်သည်။ တကယ်တော့ ဒီနေ့အထိရောက်လာဖို့ သူ့အချိန်တွေအများကြီးကို မြှုပ်နှံထားတာဖြစ်သည်။ ရုံးချုပ်ကိုပြန်သွားပြီး ဆက်ခံခွင့်အတွက် ယှဉ်ပြိုင်မည့်အစား William ၏အလောင်းကို မြင်ရဖို့ ပိုအလိုရှိသည်။ ဇွန်ဘီဘုရင်၏ မြှင့်တင်ထားသော စိတ်စွမ်းအင်နှင့် ဒီခါချဉ်နီအုပ်စုကိုပါ ထိန်းချုပ်နိုင်ပြီး ပစ်ကွင်းဆီ ပစ်ထည့်နိုင်ရင် William အတွက် အောင်မြင်ပြီဟု ပြောလို့ရသည်။

       မလွယ်ကူကြောင်းတော့ အထူးထုတ်ပြောနေစရာမလိုတော့ပေ။ Robert က ဇွန်ဘီဘုရင်အဖြစ်နှင့် ထိုမျက်လုံးနီဇွန်ဘီတွေကို ထိန်းချုပ်ထားပြီး မျက်လုံးအနက်ရောင်နှင့် ဇွန်ဘီတွေကတော့ William ၏အမိန့်ကို နာခံကြသည်။ ဂူတစ်ဂူထဲရှိ ခြင်္သေ့နှစ်ကောင်လိုမျိုး ဘယ်သူက ဇွန်ဘီဘုရင်ဖြစ်မလဲ အားပြိုင်ရမည့်တိုက်ပွဲဖြစ်သည်။

      William က သူ့၏စိတ်စွမ်းအင်တွေကို စုစည်းလိုက်ပြီး အဆောက်အအုံအတွင်းရှိ ဇွန်ဘီတွေကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ ဒါက ဒီကမ္ဘာကိုကယ်တင်ရန်တင်ပဲ မဟုတ်ဘဲ misaki ကို အခုလိုအခြေအနေအထိရောက်အောင် တွန်းပို့ခဲ့သည့် Robert ကို လက်စားချေမည့် သူ့ကိုယ်ပိုင်အတ္တပါပါသည်။

     ပတ်ပတ်လည်တွင် ဇွန်ဘီအလောင်းကောင်တွေဆီမှ ဝူးဝူးဝါးဝါး အသံစုံမြည်ဟီးနေသော်လည်း Robert ၏ အပြုံးက မပျောက်ပျက်သွားပေ။ ထိုဇွန်ဘီအနီကောင်တွေကို ထိန်းချုပ်နိုင်မည့်လူမှာ သူကလွဲပြီး တစ်ခြားမရှိကြောင်း လုံးဝသေချာသောကြောင့်ဖြစ်လိမ့်မည်။ ထို့နောက်တွင်တော့ Robert သည် စိတ်ပိုင်းဖြတ်ပြီးထားသလိုမျိုး သူ့လက်ထဲမှ အနီရောင်ကျောက်တုံးကို မျိုချပစ်လိုက်တော့သည်။ နောက်တစ်စက္ကန့်အတွင်းမှာ Robert ၏ခန္ဓာကိုယ်သည် လူတစ်ယောက်ဟု မထင်ရလောက်တော့အောင် ပြောင်းလဲသွားတော့သည်။ ညီအစ်ကိုကြားမှ ထီးနန်းလုပွဲက အလောင်းအစားကြီးမားလှသည့် တိုက်ပွဲအဖြစ် ပြောင်းသွားချေပြီ။

      ဇာတ်ကြောင်းထဲရှိ အရာရာကို ဟန်ချက်ညီစေရန် ထိန်းညှိနေသော misaki မှာ ဒီကမ္ဘာ၏‌ ဗီလိန်ဘော့စ်က လူပြောင်းသွားသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း William ရှိနေမည့်နေရာသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ အခုချိန်တွင် သူတို့က အဓိကဇာတ်ကောင်တွေနှင့်အတူ မှန်ကန်သည့်တစ်ဖက်ခြမ်းတွင် ရပ်နေမိသဖြင့် ဗီလိန်ဘော့စ်ရာထူးနှင့် မလိုက်ဖက်တော့ပေ။ တကယ်လို့ အဆုံးသတ်မှာ William က Robert ကို နှိမ်နင်းနိုင်မယ်ဆိုရင်တောင် သူလည်း အကောင်းအတိုင်းကျန်ရစ်ဖို့ မသေချာတော့ဘူး။ Robert ၏ဖျက်ဆီးနိုင်စွမ်းက အဆိုးမြင်စိတ်တွေနှင့်အတူ အရင်ကထက် ပိုများနေပြီဖြစ်သည်။

How to flirt with the final boss 2Место, где живут истории. Откройте их для себя