Arc 10 part 13

16 3 2
                                    

        Misaki လည်း တံခါးနားမှာ ရပ်နေတဲ့ William နှင့် ကလေးမလေးကို ကြည့်နေရင်း ကြောင်အနေသည်။ ခုနကအထိ ကလေးမလေးက သူမကို လှည့်ကြည့်မလာခင်အထိ William က ကလေးတစ်ယောက်ကို သွေးရိုးသားရိုးနှင့် ကယ်တင်လာသည်ဟု ထင်နေသေးသည်။

      "ဘာရပ်လုပ်နေပြန်တာလဲ၊ ကလေးခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို မမြင်ဘူးလား"

      ရင့်ကျက်ပြီး ပါးနပ်ချင်ယောင်ဆောင်နေသည့် Duke က William ချီထားသည့် ကလေးကို လွှဲယူဖို့ပြင်သည်။ သို့သော် လမ်းတစ်ဝက်မှာတင် အငြင်းခံလိုက်ရသည်။

       "ရတယ်" William က ကလေးမလေးကို သူတို့အခန်းထဲ သယ်မသွားခင် misaki အား တစ်ချက်လှည့်ကြည့်သွားသည်။ ထိုအကြည့်က သူမကို လိုက်ခဲ့ရန် သတိပေးသလိုမျိုးဖြစ်နေကြောင်း misaki ခံစားမိလိုက်သည်။ သို့နှင့် တုန့်နှေးတုန့်နှေးလုပ်မနေဘဲ လိုက်သွားလိုက်သည်။

     ဧည့်ခန်းတွင် ကျန်ရစ်သည့် မေမေ Fumi ကတော့ ထိုကလေးမလေးကို မြင်ရုံနှင့် သတိထားလိုက်မိသည်။ သူ့သမီးငယ်လေး misaki ငယ်စဉ်ကနှင့် အလွန်တူသည်။ သားမက်လောင်း ဖြစ်လာသည့်လူရွယ်က သူနှင့်ဆင်တူသည့်ကလေးတစ်ယောက်ကို ပိုက်လျက် အိမ်ခေါ်လာသည်။ ပုံမှန်အခြေအနေအရဆို ဘယ်လိုတုန့်ပြန်ရမလဲသိပေမယ့် အခုက ထိုကလေးက သူ့သမီးနှင့်လည်း တူနေသေးသည်။ ကမ္ဘာပျက်ကပ်တွင် ထိုကဲ့သို့သော ခက်ခဲနက်နဲမှုကြီးက ကြိုဆိုနေလိမ့်မည်မှန်း မေမေ Fumi မခန့်မှန်းထားခဲ့ပေ။
   
      အခန်းထဲတွင်တော့ misaki သည် ကလေးမလေးကို အရင် အဝတ်အစားလဲ သန့်စင်ပေးလိုက်သည်။ အင်္ကျီပွပွယောင်းယောင်းအောက်က ခန္ဓာကိုယ်မှာ သေးသွယ်ပြီး နံရိုးများလည်း အပြိုင်းပြိုင်းထနေသည်။ ထိုခန္ဓာကိုယ်ကိုကြည့်ရင်း  misaki မှာ စိတ်မသက်မသာဖြစ်သွားရသည်။ ဒီအရွယ်ကလေးက ဘယ်လောက် စုတ်ချာသည့်ဘဝမှာ နေခဲ့ရသလဲ ‌တွေးမကြည့်ရဲတော့။

     တီရှပ်အပွအကြီးတစ်ထည်က ကလေးမလေး၏ တစ်ကိုယ်လုံးကို လုံခြုံအောင် ဖုံးထားပေးနိုင်သည်။ mimi လေးခမျာ အလုံထုတ်ထားသော ဂျုံအိတ်ကလေးလို ဖြစ်နေသည်။ သူ ဒီကမ္ဘာကို ရောက်နေသည်မှာ 10 ရက်ခန့်ရှိပြီဖြစ်ကာ တစ်ခါမှ မမြင်ဖူးသည့် အမေနှင့် အဖေကို လာရှာခြင်းဖြစ်သည်။ ဘိုးဘိုးတွေပြောတာတော့ မြင်လိုက်သည်နှင့် မာမီနှင့်ဒယ်ဒီက သူ့ကို မှတ်မိလိမ့်မည်တဲ့။ အခုအခြေအနေအရ မှတ်မိသည်လား မမှတ်မိသည်လား သူလည်း မတွေးတတ်တော့ပါ။

How to flirt with the final boss 2Where stories live. Discover now