Arc 9 part 2

27 2 0
                                    

        ပိတ်ရက်နှစ်ရက်ကုန်ဆုံးသွားပြီးနောက် အမှတ် 1 ကျောင်းဝန်းသည် ကျောင်းသူကျောင်းသားများဖြင့် ပြန်လည်စည်းကားနေသည်။ လူငယ်လေးများသည် အားလပ်ရက်များတွင် ကြုံတွေ့ရသမျှကို အချင်းချင်း မျှဝေနေရင်း တောက်ပသောနေရောင်အောက်တွင် လွတ်လပ်သည့်နှလုံးသားများဖြင့် ရွှင်မြူးနေကြသည်။

       အမှတ်တစ်ကျောင်း၏ အထက်တန်း ဒုတိယနှစ် class S တွင်တော့ misaki သည် သူမ၏ခုံအောက်တွင် ထည့်ထားသော စာရေးကိရိယာများ စာအုပ်များကို သပ်ရပ်စွာ ထုတ်ပိုးကာ သယ်မလိုက်ရင်း အနှီကျက်သရေ မရှိလှသည့်အခန်းအား တစ်ချက်မှပင် လှည့်မကြည့်ဘဲ ကျောခိုင်းထွက်လာခဲ့သည်။ သူမ မထွက်သွားခင် ဇာတ်လိုက်မနှင့် ဇာတ်လိုက်တို့၏ လစ်လပ်နေသော ထိုင်ခုံနေရာကို တစ်ချက်ဝေ့ကြည့်လိုက်သေးသည်။

      "ရုတ်တရက်ကြီး ဘာလို့ တိုက်ခိုက်ချင်လာရတာလဲ" လေထဲတွင် ‌လွင့်မျောနေသော အရုပ်မလေးအသွင်နှင့် 00 သည် သံသယအပြည့်ဖြင့် မေးလိုက်သည်။ သူမတို့ ကမ္ဘာထိန်းသိမ်းရေးတာဝန်ကို ထမ်းဆောင်နေခဲ့သည်မှာ အချိန်အတော်ကြာနေပြီဖြစ်သည်။ ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏ ဆန်းကျယ်သောတွေ့ဆုံမှုများကို မလွဲ‌ေချာ်သွားစေရန် ကူညီပေးကြပြီး ချစ်ခြင်းမေတ္တာနှင့် ကမ္ဘာအား ဆက်လက်တည်မြဲစေရန် အလုပ်ကြိုးစားခဲ့ကြသည်။ အခုမှ ပြန်တွန်းလှန်ဖို့ဆိုတာ အရမ်းနောက်ကျမနေဘူးလား။

      "00 ဒီကမ္ဘာရဲ့ ချစ်ခြင်းမေတ္တာရာခိုင်နှုန်းကို အရင်တွက်ချက်ကြည့်လိုက်ပါဦး" အရင်နဲ့မတူတော့ဘဲ သူမတို့တာဝန်ထမ်းဆောင်နေသည့်ကမ္ဘာတို့မှာ ပြင်ပရှိ ထိန်းချုပ်မှုတစ်စုံတစ်ရာကြောင့် ပုံရိပ်ယောင်တို့ရောနှောကာ ပြောင်းလဲနေပြီဖြစ်သည်။ သူမ မှန်းတာသာမမှားလျှင် ဒီကမ္ဘာသည် ရုံးချုပ်လက်အောက်သို့ လုံးဝရောက်သွားပြီဖြစ်ပြီး ကမ္ဘာအတွင်းရှိ တစ်ခုခုကို ချုပ်နှောင်ရန် ကြိုးစားနေခြင်းဖြစ်မည်။

      Class A ရှေ့တွင် misaki ၏ခြေလှမ်းများသည် ရပ်တန့်သွားပြီးနောက် အတည်ပြုသလိုမျိုး ပြန်စစ်ဆေးနေသည်။ ထို့နောက်  အခန်းအတွင်းသို့ သွက်လက်သော ခြေလှမ်းများဖြင့် ဝင်လာပြီး ခုံအလွတ်ရှာလိုက်သည်။ အတန်းရှိလူဦးရေမှာ မကိန်းဖြစ်နေတာကြောင့် သေချာပေါက်ပင် သူမအတွက် နေရာအလွတ် ရှိနေသည်။ သူမ၏နံဘေးရှိ ခုံထက်တွင် ပိုင်ရှင်သည် စာအုပ်များကို တောင်တန်းသဖွယ် ထပ်စီထားသော်လည်း ထိုင်ခုံဖော်အသစ်ကလေးကတော့ အတန်းမစသေး၍ထင် နေရာသို့ ရောက်မလာသေးပေ။

How to flirt with the final boss 2Where stories live. Discover now