Arc 10 part 5

24 3 1
                                    

    Misaki နှင့် William သည် ကုန်တိုက်တစ်ခု၏ဂိုထောင်အတွင်း မွှေနှောက်ရှာဖွေနေရင်းမှ ခေါင်းချင်းဆိုင် အဖြေရှာနေကြသည်။ ဒီကမ္ဘာကို ကပ်ဆိုးကနေ ကယ်တင်ဖို့က ဒီကမ္ဘာကလူတွေကပဲ လုပ်နိုင်လိမ့်မည်။ ထို့ကြောင့် သူတို့၏အိမ်ကို အချစ်ရိပ်မြုံလုပ်ရမည့်အစား လူပိုတစ်ယောက်ကို ဆေးကုသပေး အစာရေပေးကာ ခေါ်တင်ထားခြင်းဖြစ်သည်။ သူတို့အနေနှင့် Jack အပေါ် လှည့်စားနေရသလို ခံစားရသော်ငြား မတတ်နိုင်ပေ။ မစ်ရှင်အောင်မြင်ဖို့ တစ်နည်း ဒီကမ္ဘာကို အဆိပ်အတောက်ပြေစေဖို့က သူ့အကူအညီလိုကိုလိုသည်ပင်။

     တကယ်တော့ William နှင့် misaki တို့အတွေးလွန်နေကြခြင်းပင်။ Jack သည် သူ့အသက်ကိုရင်းပြီးတောင် ဒီပျက်ကပ်ကမ္ဘာကို ကယ်တင်ချင်ခဲ့ရာ အခုလို အိပ်လိုက် စားလိုက် အပင်စိုက်လိုက် အိမ်စောင့်လိုက်ဖြင့် ကယ်တင်နိုင်မည်ဆိုလျှင် သေချာပေါက် သဘောတူလက်ခံမည်ပင်။

     သူတို့စတင်တွေ့ကြသည့်အချိန်တွင် Jack ကဒဏ်ရာတွေကြောင့် မေ့လဲသွားသော်ငြား William နှင့် misaki ကတော့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်ပင်။ jack ဆီမှ ထွက်လာသည့် လျှပ်စီးမိုးကြိုးက ဇွန်ဘီကူးစပ်ပိုးတွေအပေါ် သက်ရောက်မှုရှိသည်။ William ရှောင်လိုက်သဖြင့် ထိုလျှပ်စီးမိုးကြိုးသည် သန္ဓေပြောင်းနေသည့်အပင်အတန်း‌လိုက်ကို သွားထိမှန်ကာ အကုန်လုံး မီးသွေးတုံးလိုမျိုး မဲမှောင်သွားကြသည်။ ပြီးနောက် လေတစ်ချက်အ‌ဝေ့တွင်  အကုန်လုံးက ပြာဖြစ်သွားပြီး ထိုပြာများအထဲတွင်တော့ ကမ္ဘာပျက်ကပ်မစတင်ခင်ကာလက တွေ့ရှိခဲ့ရသည့် စား၍ရသောပုံမှန်အပင်မျိုးစေ့များ ဖြစ်ကုန်ကြသည်။

     သူတို့နှစ်ယောက်လုံး ထိုလယ်ယာမြေကို အစအဆုံးမွှေနှောက်ခဲ့သည့်တိုင် စိုက်၍ရသော မျိုးစေ့တစ်ခုမှရှာမတွေ့ခဲ့ပေ။ အကုန်လုံးက ရက်တိုလေးအတွင်း သန္ဓေပြောင်းကုန်ကြပြီး လူကို အချိန်မရွေး အန္တရာယ်ပေးနိုင်၏။ လက်ရှိ အိမ်တွင် စိုက်ပျိုးထားသော သီးပင်စားပင်များမှာ jack ၏လျှပ်စီးကြောင့် ပုံမှန်အခြေအနေကိုပြန်ရောက်သွားကြသည့်မျိုးစေ့များ ဖြစ်ကြသည်။ Jack ၏လျှပ်စီးကြောင့်ဖြစ်တာလား မီးရှို့ပြီးပြာကျသွားသည်နှင့် စား၍ရသွားသည်လား ဝေခွဲနိုင်ရန် ဒီရက်ပိုင်းတွင် William နှင့် misaki က အပြင်သို့ မကြာခဏထွက်ကာ သန္ဓေပြောင်းအပင်များရှာလျက် မီးရှို့ခဲ့ကြသည်။ ရလဒ်ကတော့ ပြာကျသွားသည့်တိုင် မည်သည့်မျိုးစေ့မှ ထွက်မလာပါပေ။ ထို့ကြောင့် Jack ၏လျှပ်စီးမိုးကြိုးကသာ ဇွန်ဘီပိုးကို တိုက်ဖျက်နိုင်သည်ဟူ၍ အကြမ်းဖျဉ်းသတ်မှတ်လိုက်၏။

How to flirt with the final boss 2Où les histoires vivent. Découvrez maintenant