Robert ၏ မျက်လုံးနီအသားစားဇွန်ဘီတပ်ဖွဲ့မှာ အတော်လေး ရက်စက်ပြီး တုန့်ပြန်မှုပြင်းထန်သည်။ အဆောက်အအုံအတွင်းသို့ ဇွတ်တရွတ် ဝင်ရောက်လာသည့် ဇွန်ဘီလှိုင်းလုံး၏ရှေ့ပြေးဇွန်ဘီတစ်ချို့မှာ ချက်ချင်း ဦးနှောက်ဖောက်စားခံလိုက်ရသည်။ သံလိုမာကြောသည့် လက်သည်းများက ဦးခေါင်းခွံကို ထုတ်ချင်း ပေါက်ထွက်သွားစေကာ အထဲမှအမြုတေကိုပါ တစ်ခါတည်း ဆွဲယူလိုက်၏။ အမြုတေက ဇွန်ဘီ၏ညစ်ပတ်သည့်လက်အတွင်းသို့ ပျော်ဝင်သွားပြီး နောက်ထပ်ခဏမှာပဲ ထိုမျက်လုံးနီဇွန်ဘီများဟာ ပိုသန်မာအားကောင်းလာကြတော့သည်။
နောက်ဆုတ်ရကောင်းမှန်း မသိသေးသော ဇွန်ဘီများက ဆင့်ပွားဇွန်ဘီကောင်များ၏အားသာချက်ကို သတိမထားမိကြသေးဘဲ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပိုးဖလံ မီးထဲတိုးသလိုမျိုး ထိပ်တိုက်ရင်ဆိုင်နေကြဆဲပင်။ တဖြည်းဖြည်းနှင့် သန့်စင်သည့် အဖြူရောင်အဆောက်အအုံပင် ညစ်ပတ်သည့် အလောင်းကောင်အရည်များဖြင့် ပက်ဖျန်းခံလိုက်ရကာ ကမ္ဘာပျက်ကပ်၏မကောင်းသောနိမိတ်များ ဖုံးလွှမ်းကုန်သည်။ Robert သည် သူ့၏ပြောင်မြောက်လာသော ဖန်တီးမှုကိုကြည့်ကာ သဘောကျမဆုံးဖြစ်နေသည်။
သူ့ဝမ်းကွဲအစ်ကိုဦးဆောင်လာသည့် ဇွန်ဘီတွေက အဆင့်အနိမ့်ဆုံးအကောင်တွေဖြစ်ပြီး သူတို့ကိုယ်တိုင် ဘယ်လိုအဆင့်မြှင့်တင်ရမလဲမသိကြပေ။ အရေအတွက်များပြီး အရည်အသွေးမကောင်းရင်လည်း အလကားပဲ။ သူ့ရဲ့ နောက်ဆုံးဖော်စပ်လာသည့် ဗိုင်းရပ်စ်က အပြင်းထန်ဆုံး အသေသပ်ဆုံးနှင့် ဒီကမ္ဘာကို ပြန်လမ်းမဲ့သည့် အဆုံးသတ်ဆီ သယ်ဆောင်သွားလိမ့်မည်။ မျက်နှာပေါ်တွင် စိတ်နှလုံးကျေနပ်အားရနေသည့် အပြုံးတစ်ခုကို ချိတ်ဆွဲထားရင်း Robert သည် ဒီတစ်ခါရော သူ့အစ်ကိုက ဘယ်လို သူရဲကောင်းဆန်ဆန်နှင့် ကယ်တင်ရှင်ဝင်လုပ်မလဲ စိတ်ဝင်စားလာသည်။
အထပ်မြင့်အဆောက်အအုံ၏အတွင်းခန်း၌ ခြေချိတ်ထိုင်နေသော Robert သည် William က သူရှိရာ အဆောက်အအုံ၏ ခေါင်မိုးထပ်တွင် မတ်မတ်ရပ်ကာ မီးခိုးတလူလူနှင့် အပျက်အစီးတွေပုံနေသော မြင်ကွင်းကို သူ့နည်းတူ ကြည့်နေမှန်း သတိမထားမိပေ။ စောစောစီးစီး အောင်ပွဲခံနေခြင်းက ခံပြင်းချင်စရာ ရလဒ်ကို ဖြစ်ပေါ်စေသည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.