လှပတဲ့နေရက်ဆိုတာက ကမ္ဘာပျက်ကပ် စတင်ကတည်းက မရှိတော့ဘူး။ ဒီလိုအချိန်မှာ အလှတရားဆိုလို့ လူသားအချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီမှုကိုပဲ ပြစရာရှိသည်။
မြေကြီးက သွေးတွေ အညစ်အကြေးတွေနဲ့အတူ အဆိပ်သင့်နေပြီး ပန်းတွေ မဖူးပွင့်တော့ဘူး။ အဲ့ဒီအစား အချိန်မရွေး လူကို အသက်နှုတ်သွားနိုင်တဲ့ ဗီဇပြောင်းအပင်တွေပဲ ရှိတော့သည်။ လေထုကလည်း အဆိပ်သင့်နေပြီး ပြာမှုန့်တွေ ဖုန်မှုန့်တွေကြောင့် အသက်ရှူရ ခက်ခဲလာသည်။
Jack က သူ့၏ လျှပ်စစ်မိုးကြိုးစွမ်းအင်ကို ထိန်းချုပ်နိုင်ရန် လေ့ကျင့်နေသည်။ အနက်ရောင်မိုးက ယေဘုယျအားဖြင့် လူသားတွေအတွက် ကောင်းကျိုးမဖြစ်စေသော်လည်း jack အတွက်တော့ အသုံးဝင်သည်။ မိုးရွာနေသော နောက်ခံကြောင့် ခရမ်းရောင်လျှပ်စီးမှာ ပိုလို့သန်မာပြီး အားပြင်းနေ၏။
William မှလွဲလျှင် အကုန်လုံးက အနက်ရောင် မိုးကာထူများ ဝတ်ဆင်ထားကြပြီး မိမိုက်သည့် ဟန်ပန်အပြည့်နှင့်ဖြစ်ကြသည်။ တိုက်အောက်ရှိ ဇွန်ဘီများမှာ William ၏အမိန့်ကို နားလည်နိုင်ကြသေးသည်။ တစ်ကိုယ်လုံး ရေစိုသွားသည့် သတင်းစာလို ဖြစ်နေတာတောင် လှုပ်ရှားနိုင်သေးသော ဇွန်ဘီများကိုကြည့်ရင်း Duke မှာ စိတ်ကုန်လာရသည်။ တစ်နေ့တစ်နေ့ မကုန်ခမ်းနိုင်သော ဇွန်ဘီဖုတ်ကောင်များကြောင့် သူတို့ဘဝမှာ ခက်ခဲပြီးရင်း ခက်ခဲလာရသည်။
အချင်းချင်းသံသယတွေကို ရှောင်ရှားဖို့အတွက်ရယ် ကမ္ဘာပျက်ကပ်တွင် ခွန်အား ပိုတိုးလာပြီး ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်စေဖို့ရယ် ရည်ရွယ်၍ William က ထိုအဆင့်နိမ့်ဇွန်ဘီများကို ကြိုမရှင်းပေးထားခဲ့ပေ။ ဇွန်ဘီဘုရင်၏အရှိန်အဝါက ပိုသန်မာ အားကောင်းလာပြီး အနက်ရောင်မိုး၏ မြှင့်တင်ပေးထားသော စွမ်းအားတွေနှင့်တောင်မှ ထိုအဆင့်နိမ့်ဇွန်ဘီများက William ၏အနားကို သွားရန် မဝံ့ရဲကြပေ။ သူတို့မှာ ဦးနှောက်မရှိပေမယ့် ဦးရေပြားရှုံ့တွရလောက်အောင် ဖိနှိပ်ခံနေရတာကို ကြောက်ရွံ့တတ်ကြသည်။ ထို့ကြောင့် William နှင့် တစ်ဆယ်ကီလိုမီတာ အကွာအဝေးအတွင်း မည်သည့် အလောင်းကောင် ဖုတ်ကောင်မှ ရှ်ိထားမနေပေ။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.