Arc 10 part 23

16 4 1
                                    

      အခြားခန္ဓာကိုယ်ဆီကနေ နီးကပ်လာသည့် သေခြင်းတရားကို ခံစားမိသဖြင့် Robert သည် သူ့၏များပြားလှသော ခြေချောင်းတွေကို အမြန်တွန်းအားပေးကာ ရွေ့လျားလျက် အန္တရာယ်ကို မရောက်လာခင် အချိန်မီ တားဆီးချင်ခဲ့သည်။ ခန္ဓာအခွဲတစ်ခု၏သေဆုံးခြင်းကလည်း သူ့အပေါ် ထိခိုက်မှုရှိသောကြောင့်ပင်။

      မိမိ၏မကောင်းသည့်စိတ်ရိုင်းကို ထိန်းချုပ်ထားသည်နှင့်စာလျှင် လွှတ်ပေးကာ စိတ်တိုင်းကျ ပြုမူလိုက်သည်က ပို၍ လွယ်ကူသည်။ သို့သော် ထိုလွယ်ကူမှုက ပိုကြီးသည့် ချောက်ထဲသို့ ကိုယ်ရော ခေါင်းရော မလှုပ်ရုန်းနိုင်သော အင်အားဖြင့် ဟိုးနက်နက်ထဲအထိ ဆွဲချသွားလိမ့်မည်။

     Robert က အငြိုးကြီးကာ သူ့၏ရှုံးနိမ့်ခဲ့သည့် သမိုင်းကို ပြန်ပြင်ချင်ခဲ့သည်။ သူ့၏သွေးကိုပင် အဆိပ်အဖြစ်ပြောင်းကာ ကမ္ဘာငယ်တစ်ခုလုံးအပေါ် အကြင်နာမဲ့ခဲ့၏။ ရလဒ်အနေနှင့် အဆုံးတွင် Robert သည် သူ့၏ မျက်လုံးနီဇွန်ဘီတပ်ဖွဲ့က jack ဦးဆောင်သော စွမ်းအားရှင်အုပ်စု၏လက်ထဲတွင် မရှုမလှနှင့် နှိမ်နင်းခံလိုက်ရတော့သည်။ ထိုဇွန်ဘီတွေ၏ ကျဆုံးမှုကလည်း Robert ၏ကျဆုံးမှုဟု ဆို၍ရသည်။

    သူ့၏အသက်ဓာတ်များမှာ ကုန်ဆုံးသွားတာကြောင့် misaki သည် Robert ၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက အတော်လေး အရွယ်အစားကျုံ့သွားရသည်ကို မှန်ဘီလူးမှတစ်ဆင့် မြင်လိုက်ရ၏။ ဆရာဝန်မမက အကယ်၍ Robert သာ ဆန္ဒမရှိရင် သူမလည်း အဆင့်မြင့်ဇွန်ဘီတွေအတွက် ကုသဆေး ဖြေဆေး မထုတ်ပေးနိုင်လောက်ဟု ပြောရခြင်းမှာ ဤအကြောင်းပြချက်ကြောင့် ဖြစ်လိမ့်မည်။ Robert ၏သွေးတစ်စက်ချင်းစီက အဆိပ်ဖြစ်ပြီး အဆင့်မြင့်ဇွန်ဘီတွေကို လိုသလို ထိန်းချုပ်မွေးမြူနေသည်။

    နာကျင်စွာ အော်ဟစ်လျက် သူတို့ဆီကို တဟုန်ထိုးပြေးဝင်လာသည့် မွန်းစတားအကောင်ကိုကြည့်ရင်း Jack သည် သူ့၏မိုးကြိုးလျှပ်စီးတွေကို စုစည်းလိုက်သည်။ အနက်ရောင်ဝတ်အမျိုးသား၏ လက်ဖျား၌ အရမ်းရောင်အလင်းတန်းများ တဖျတ်ဖျတ်လက်နေပုံမှာ မသိလျှင် ကောင်းကင်တစ်ခုလုံးကိုပင် ငါးဖမ်းပိုက်ကွန်ပစ်ကာ သိမ်းယူဖမ်းယူတော့မလို အသွင်နှင့်ပင်။ ဤအခိုက်အတန့်ကို Jack က နှစ်ဘဝစာ စောင့်ခဲ့ရတာဖြစ်သည်။ ပျက်ကပ်၏ အဓိကရင်းမြစ်ကို သုတ်သင်လျက် အမိကမ္ဘာမြေအား မူလအတိုင်း ပြန်သန့်စင်ရှင်သန်စေမည်။

How to flirt with the final boss 2Where stories live. Discover now