"မင်းမှာ နောက်ဆုံးတစ်ကြိမ်ပဲ ကျန်တော့မယ်၊ မြန်မြန်ဆုံးဖြတ်ပါ။" နှင်းသားရဲအတွက် အဆိုပါအဆိပ်က ဆေးလည်းဖြစ်သည်။ အဆိပ်တက်ခြင်းကို သုံးခါတောင့်ခံပြီးသည်နှင့် နှင်းသားရဲခန္ဓာကိုယ်က ချက်ချင်း ဖွံ့ဖြိုးကြီးထွားလာမှာဖြစ်မည်။
ကျင့်ကြံရေးလောကတွင် သတ္တဝါငယ်လေး အပင်ငယ်လေးတွေသည် ကျင့်ကြံဆင့်မြင့်မားပြီး စွမ်းအင်လုံလောက်မှသာ လူအသွင်ကိုရနိုင်တာဖြစ်သည်။ သို့သော် နှင်းသားရဲလေးတွေကတော့ ပြောင်းပြန်ပင်။ လူအဖြစ်ကြီးပြင်းလာကြပြီးနောက်မှာတော့ နှင်းသားရဲ၏ နတ်မိစ္ဆာသွေးကြောကနိုးထလာကာ သားရဲကောင်လေးတွေလို ဘဝကိုအသစ်ပြန်စရသည်။
ဉာဏ်ကောင်းသည့်လူအနေနှင့် William သည် ဂိုဏ်းချုပ်က ဘာလုပ်ချင်နေသလဲ မှန်းဆကြည့်ဖို့ မခက်ပေ။ နတ်မိစ္ဆာသွေးနိုးထခြင်းဆိုသည်မှာ ဘဝအသစ်စခြင်းဖြစ်သည်။ နှင်းသားရဲခန္ဓာက အရွယ်ရောက်လာသည်နှင့် လူအသွင်ပဲဖြစ်ဖြစ် နတ်မိစ္တာပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကို အသွင်နှစ်ခုခွဲကာ သုံးလို့ရနိုင်တော့မှာ ဖြစ်သည်။ ဂိုဏ်းချုပ်က သူ့ကို နှင်းသားရဲဖြစ်စေပြီး ရွှယ်ပင်းကိုတော့ လူ့ခန္ဓာအသွင်ထဲတွင် ပြန်နိုးထလာစေချင်တာဖြစ်သည်။
အေးစိမ့်နေသည့်လေညှင်းက ဝါးပင်များကြား သက်ရှိနေသည့်ဝိညာဉ်လိုမျိုး ဖြတ်သန်းကူးလူးသွားသည်။ နှင်းသားရဲခန္ဓာပဲဖြစ်ဖြစ် လူသားပဲဖြစ်ဖြစ် သူ့အတွက်တော့ misaki အနားတွင် ရှိရဖို့က ပိုအရေးကြီးသည်။ ဘာအတွက်ကြောင့်မှ တွေဝေနေမှာမဟုတ်ဘူး။ လူသားတွေဟာ သူတို့၏လောဘအတွက်သာ ရှင်သန်ကြတာဖြစ်သည်။ ကောင်းကင်ဘုံက လက်တစ်ကမ်းအလိုမှာဖြစ်နေရင်တောင်မှ လူ့ပြည်က ပန်းတစ်ပွင့်အတွက် ငရဲအထိခုန်ဆင်းဖို့ ဆန္ဒရှိသည်။
တောင်အနောက်ဘက်ရှိ အပင်များမှာ မီးရှို့ခံထားရပြီး တောင်ဂတုံးဖြစ်လို့နေသည်။ လက်သည်တရားခံကတော့ သူမ၏ ဒြပ်စင်ကို သန့်စင်ရန် အာရုံစိုက်လို့နေသည်။ misaki ၏လက်ရှိကျင့်စဉ်ကျမ်းမှာ လောကနိယာမ၏ကန့်သတ်ချက်များကို ချိုးဖျက်လို့နေသည်။ ပျက်စီးခြင်းနှင့်ဖန်တီးခြင်းက ယှဉ်တွဲနေတာဖြစ်သည်။ နတ်ဘုရားကသာ ပျက်သုဉ်းခြင်းအပြီးတွင် ရှင်သန်ကျန်ရစ်သည်။ ထိုသဘောတရားကို ဆန့်ကျင်ပြီး ပျက်စီးခြင်းကို အံတုရမည်။
![](https://img.wattpad.com/cover/344085407-288-k633314.jpg)
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.