Arc 11 part 15

113 6 0
                                    

   "အိပ်မက်ထဲမှာ အရာအားလုံးကဝေဝါးနေတာ"

    အမှောင်ထုထဲတွင် misaki သည် သူမအားကျောခိုင်းထားသည့် အမျိုးသမီးတစ်ယောက်ကို ဝိုးတဝါးမြင်နေရသည်။ ထိုအမျိုးသမီးရဲ့ပုံပန်းသဏ္ဍာန်က နေ့စဉ်မြင်တွေ့နေရသလိုမျိုး misaki အတွက် ရင်းနှီးကျွမ်းဝင်လို့နေသည်။ တကယ်တော့ misaki တစ်ယောက်တည်းသာမဟုတ်။ အဲ့ဒီအိပ်မက်ပုံရိပ်ကိုသာ မျှဝေလို့ရနိုင်လျှင် အခြားလူတွေကလည်း ထိုနောက်ကျောပုံရိပ်သည် သူတို့နှင့်ရင်းနှီးနေကြောင်း ပြောကြလိမ့်မည်။ သို့သော် ဘယ်ဂိုဏ်းမှ ဘယ်လိုပုဂ္ဂိုလ်ဆိုတာကိုတော့ အကဲခတ်နိုင်လိမ့်မည်မဟုတ်။ အကြောင်းမှာ ထိုအမျိုးသမီး၏စကားအတိုင်း အိပ်မက်တွေက ဝေဝါးပြီး တိကျသေချာမှုမရှိသောကြောင့်ဖြစ်သည်။

    ခုနကအထိ သတိအပြည့်နှင့် တင်းကြပ်နေသော စိတ်အစဉ်သည် အထုံးပြေသွားသော ဖဲကြိုးလိုမျိုး ရော့ရဲကာ လေနှင့်အတူ လွင့်ပါးသွားတော့သည်။ misaki ၏လက်ထဲမှ ဂိုဏ်း၏အမှတ်အသား ကျောက်စိမ်းရိုးလက်ကိုင်နှင့်ဓားသည်လည်း ပိုင်ရှင်က သတိလက်လွတ်ဖြစ်ကာ ဆက်မဆုပ်ကိုင်ထားနိုင်တော့သောကြောင့် ကြမ်းပြင်ပေါ်လို့ ပြုတ်ကျသွားတော့သည်။ ကျောက်စိမ်းရိုးဓား ကြမ်းပြင်နှင့်ရိုက်ခတ်သွားသံက မတိုးညှင်းပေ။ သို့သော် အခန်းထဲရှိ မည်သူကမှ ထိုအသံကြောင့် သတိပြန်ဝင်လာခြင်းမရှိခဲ့။ အမွေးပွလုံးလုံးလေးကတော့ မျက်လုံးမှိတ်ကာ ဟိုလှည့်ဒီလှည့်နှင့် အညောင်းအညာဆန့်ပြီးနောက် ပိုနွေးထွေးသည့်အိပ်ရာအတွင်းဘက်သို့ တိုးဝင်လို့သွားသည်။ နတ်မိစ္ဆာလေး၏တအီအီဂျီကျသံများ ငြိမ်ကျသွားသောအခါ ‌ခြံဝန်းကြီးသည်လည်း စိတ္တဇဆန်ဆန်နှင့် ပိုတိတ်ဆိတ်သွားတော့သည်။

     "ဒီနိမ့်ကျတဲ့ထန်မျိုးရိုးက အရှင်မကို ..." နှုတ်ခွန်းဆက်သကာ အရိုအသေပေးခြင်းမပြီးဆုံးခင်မှာပဲ ဖြောင့်မတ်သည့်ဆရာထန်သည်လည်း တိုက်ခိုက်ခံရကာ သတိလစ်မေ့မျောသွားတော့သည်။ သူသည် နတ်မိစ္ဆာသားရဲကို သင်ကြားပြသရန်အတွက် ဝေးလံခေါင်ဖျားသည့်ခရီးကို အပြင်းနှင်ခဲ့ရသည်။ လောက၏အရှင်မက ထိုနတ်မိစ္ဆာနှင့် ဘယ်လိုပတ်သတ်နေလဲမသိရပေမယ့်လို့ နတ်မိစ္ဆာ၏စွမ်းအားကို လောက၏အရှင်သခင်မကိန်းအောင်းရာတောင်ထွဋ်တွင် အများဆုံးအာရုံခံမိလေရာ ဆရာထန်လည်း အရှင်မ၏တောင်ပေါ်သို့ ခြေချရုံသာရှိတော့သည်။ မထင်မှတ်ပဲ အခုလိုမျိုး အလစ်ဝင်တိုက်ခိုက်ခံလိုက်ရတော့သည်။ ဟိုးနှစ်ပေါင်းများစွာကတည်းက ကျင့်ကြံရေးလောကသည် လောကအရှင်မ၏လမ်းညွှန်မှုအောက်တွင် ငြိမ်းချမ်းနေခဲ့ပြီဖြစ်လေရာ အဘယ်ကြောင့် သူ့ကိုနာကျင်အောင်လုပ်မည့်လူရှိနေရသလဲဟူသော မေးခွန်းက ဆရာထန်အိပ်ပျော်မသွားခင် နောက်ဆုံးတွေးမိသည့်အကြောင်းအရာဖြစ်သည်။

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: Mar 24, 2024 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

How to flirt with the final boss 2Opowieści tętniące życiem. Odkryj je teraz