Misaki ၏တိုးတက်နှုန်းက မြန်ဆန်သည်။ နွယ်ပင်တွေက ပိုတောင့်တင်းခိုင်မာလာပြီး ပစ်မှတ်ကို မီးကျွမ်းသွားသည်အထိ ကင်မပစ်ခင် ထွက်မပြေးနိုင်အောင် ကောင်းကောင်းချုပ်ထားနိုင်သည်။ သို့သော် ဒြပ်စင်တစ်ခုနှင့်တစ်ခုကြားတွင် လှည့်ပြောင်းသုံးစွဲဖို့အတွက် အချိန်ယူရသည်က အားနည်းချက်ဖြစ်လို့နေသည်။
မိမိထက် အင်အားကြီးသည့်ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် မီးတောက်က ချက်ချင်း နွယ်ပင်နှင့်အတူ ရှင်သန်ကြီးထွားမလာပါက အနိုင်ယူနိုင်ဖို့ ခဲယဉ်းသည်။ အပြင်လောကတွင် အန္တရာယ်နှင့် ရန်သူက ပေါများလှပြီး ဉာဏ်များပြီး စွမ်းအားပြည့်ဝမှသာ ရှင်သန်နိုင်မည်ဖြစ်သည်။ ထိုအရာက ဆေးလုံးသခင်နှင့် လက်နက်တောင်သခင်၏အကြံပြုချက်ဖြစ်ပြီး misaki ကတော့ သူမ၏ မီးတောက်က ရုပ်ဆိုးလွန်းသည်ဟုသာ တွေးနေမိသည်။ လိမ္မော်ရောင်မီးတောက်က အရှိန်ပြင်းပြင်းတောက်လောင်လို့နေပြီး နွယ်ပင်တွေကို ဝါးမျိုလောင်ကျွမ်းလို့နေသည်။
ထိုအချိန်တွင် သလင်းဖြူဂိုဏ်း၏နတ်မိမယ်သည် မျက်နှာမကြည်သာစွာဖြင့် ပူပန်လို့နေသည်။ သူမ၏အိပ်မက်ထဲတွင် မီးလောင်နေသော တောတစ်နေရာကိုတွေ့သည်။ ထို့အပြင် ထူးဆန်းသည့်အမျိုးသမီးက ထိုမီးတွေကို ဟုန်းဟုန်းတောက် လောင်ကျွမ်းအောင် ထိန်းချုပ်လို့နေသည်။ ဘာကြောင့်ရယ်မသိ ဇာတ်လိုက်မသည် ထိုအိပ်မက်မြင်ကွင်းဆီကနေ ခြိမ်းခြောက်မှုတွေကို ခံစားလို့ရနေသည်။ ထိုမီးတွေက သူမဆီကို ဦးတည်ပြီး လောင်မြိုက်နေခြင်းဖြစ်သည်။
လေးလအကြာတွင် ပြီးပြည့်စုံသည့်ပုံစံနှင့် William က ဂူတံခါးကို တွန်းဖွင့်ကာ အပြင်ဘက်မှ ရှူခင်းနှင့် လေကောင်းလေသန့်ကို ခံစားလို့နေသည်။ အရိုးထဲအထိ အေးစိမ့်ခြင်းက တိုးဝင်လို့နေပြီး သိပ်မကြာခင်မှာပဲ နှင်းရေခဲအဆိပ်က ဆိုးရွားစွာဖြင့် သူ့ခန္ဓာကိုယ်ကို ကိုက်ခဲထုံကျဉ်စေတော့မည်မှန်း သိလိုက်ပြီးနောက် William သည် ဂူအထဲသို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဝင်လိုက်ရုံသာရှိတော့သည်။ ရေခဲနှင်းအဆိပ်တက်ခြင်း၊ လူတစ်ကိုယ်လုံး ပြာနှမ်းတောင့်တင်းလျက် အမြင်အာရုံသည်လည်း ဝေဝါးနေမည်ဖြစ်သည်။ နှလုံးသည်းပွတ်သည်ပင် သွေးခဲကာ ရပ်တန့်နေပြီ ထင်ရလောက်သည်အထိ ပြင်းထန်ပြီး လှုပ်ရှားရခက်စေသော အဆိပ်ဖြစ်သည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.