Arc 8 part 14

42 4 0
                                    

ပန်းပွင့်တွေဟာ Hiraki ဆီ အသက်ကိုနှုတ်ယူမည့် လက်နက်အဖြစ် ပြေးဝင်မသွားခင် တွန်းကန်အားကြောင့် ထိုဓားသွားလိုပန်းပွင့်များဟာ စုန်းမဆီပြန်ဦးတည်လာကြသည်။ ထိုအချိန်တွင် သူမသည် ကြောင်အလျက်သား ရှိသေးသည်။ အကယ်၍ misaki သာ ထိုပန်းပွင့်များကို အမှုန့်မချေခဲ့ပါလျှင် Asagao သည် ကိုယ့်လက်နက်ဖြင့် ပြန်သေသူဖြစ်လာလိမ့်မည်။

မြေပြင်၌ ယိုင်လဲကျနေသော ထိုရူးကြောင်ကြောင်အမျိုးသမီးနည်းတူ Hiraki သည်လည်း အံ့ဩနေဆဲပါပင်။ သူသည် အလွန်သံသယလွန်ကဲသူဖြစ်ပြီး အန္တာရယ်တစ်စုံတစ်ရာ သတိထားမိသည်နှင့် အချိန်မနှေးဘဲ ဓားဆွဲထုတ်ကာ လက်ဦးမှုယူမည့်သူမျိုးဖြစ်သည်။ သို့သော်လည်း ခုနက သူ့လုပ်ရပ်မှာ သူ မပီသပါပေ။ Hiraki သည် မထိန်းနိုင်ဘဲ သူ၏ကြင်ယာတော်အား လှည့်ကြည့်မိတော့သည်။ တစ်စုံတစ်ယောက်က သူ့အား ထိခိုက်စေမည်မဟုတ်ဟူ၍ ယုံကြည်ခြင်းများ မရှိတော့သည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။ ထိုအမျိုးသမီးကိုတော့ သေရေးရှင်ရေး အခြေအနေ၌ပင် အကြွင်းမဲ့ ယုံကြည်ကာ တိုက်ခိုက်လာသူအား သူ့ဘက်မှနေ၍ ခုခံကာကွယ်ခြင်း လုံးဝ မရှိခဲ့ပေ။

Hiraki ၏ သူမအပေါ် အကြည့်များ ပြောင်းလဲသွားသည်ကို အာရုံခံမိသဖြင့် Misaki ၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ ပျင်းတွဲတွဲအမူအရာဟာလည်း ပျောက်ကွယ်သွားပြီး လက်တစ်ဖက်မှ Hiraki ၏ခါးအား ထိကိုင်နေကာ နားရွက်များကိုတော့ နှုတ်ခမ်းဖြင့် ဖိကပ်လိုက်သည်။ ထို့နောက် နှစ်ကိုယ်တည်းကြားနိုင်သော လေသံဖြင့် တီးတိုးပြောလိုက်သည်မှာ

"စိတ်လှုပ်ရှားသွားတာလား"

Hiraki သည် ကြင်ယာတော်၏ အကျင့်သိက္ခာမဲ့လှသော လက်အား ရိုက်ထုတ်ချင်သည့်တိုင် အကြောင်းပြချက်ရှာမရခဲ့ပါ။ အခုထိ မြေကြီးပေါ်တွင် ပြိုလဲလျက် ယူကြုံးမရဖြစ်နေသေးသော Asagao အား မြင်မှသာ သူ့မျက်လုံးများသည် အရောင်ပြောင်းလဲသွားကြသည်။

"သူ့ကို မသတ်ဘူးလား" အာဏာရှင်ကြီးသည် အလွန်တရာ အငြှိုးကြီးမားသူဖြစ်သည်။ သို့ဖြစ်ရာ သူ့အသက်အန္တရာယ်အား ခြိမ်းခြောက်သူကို လုံးဝအလွတ်မပေးချင်ပါ။ ထို့အပြင် ထိုအမျိုးသမီးအား သူ့၏ကြင်ယာတော် မည်သို့မည်ပုံ ကိုင်တွယ်မလဲလည်း သိချင်လှသည်။ ခါးပေါ်မှလက်အား ခပ်ဆတ်ဆတ်ရိုက်ထုတ်ကာ နှစ်ယောက်သားကြား အကွာအဝေးကိုလည်း ခပ်ခွာခွာအနေအထားဖြစ်စေရန် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည်။ Hiraki သည် ခုနက အသားယူခံလိုက်ရသူမှာ သူမဟုတ်သလိုမျိုး လက်ကိုနောက်ပစ်ကာ ချောင်းဟမ့်ရင်း ဟိတ်ဟန်ထုတ်နေသည်။

How to flirt with the final boss 2Hikayelerin yaşadığı yer. Şimdi keşfedin