Arc 10 part 3

23 4 1
                                    

         ကမ္ဘာပျက်ကပ်ကာလမှာ ဖုတ်ကောင်တို့ကြောင့် အသက်မထွက်စေရန် သေချာ ဂရုပြုနေထိုင်ရသည်။ သို့သော် လက်ရှိမူ misaki သည် ဖုတ်ကောင်ကို သူမ၏အနောက်၌ ထား၍ ကာကွယ်ပေးကာ ဘယ်ကမှန်းမသိ ရောက်လာသော လူအား ရင်ဆိုင်နေရသည်။

        Misaki သည် လက်ရှိက ကမ္ဘာပျက်ကပ်ဖြစ်ပြီး သူမက လူမဟုတ်တဲ့ ဇွန်ဘီတစ်ကောင်နဲ့ အတူနေထိုင်နေသည်ဟူသော အချက်ကို လျှင်မြန်စွာပင် လက်ခံနိုင်ခဲ့သည်။ လက်မခံနိုင်သည်က ထိုဇွန်ဘီက သူမ စားဖို့ အစားအစာလိုက်ရှာဖွေ ပေးနေရသည်ကိုပင်။ တစ်ဖက်လူနဲ့ သူမနဲ့ ဘယ်လို ပတ်သတ်လဲ အခုထိ ဝေခွဲမရသေးပေမယ့် ထိုဇွန်ဘီက သူမကို ဝက်များကဲ့သို့ အသားတိုးအောင် မွေးမြူပြီးမှ စားရန် စီစဉ်နေခြင်း မဟုတ်တာကိုတော့ သိသည်။ သူမအတွက် ထိုဇွန်ဘီ အပင်ပန်းခံနေရခြင်းမှာ အားနာစရာကောင်းလှသည်။

       အစာငတ်ခံဆန္ဒပြအပြီးနောက်တွင်တော့ William က သူမကို သူနှင့်အတူ အပြင်ထွက် ရိက္ခာစုဆောင်းဖို့ ခွင့်ပြုလာခဲ့သည်။ လမ်းတစ်လျှောက် ဇွန်ဘီများ တစ်ကောင်စ နှစ်ကောင်စ ပြန့်ကျဲနေသည်ကိုသာ တွေ့ခဲ့ရသော်လည်း သူမ၏ကိုယ်ပိုင် ဇွန်ဘီကဖြင့် သူတို့နှင့် မတူသည်ကို သတိထားမိခဲ့သည်။ William သည် လူမမာဟု ထင်ရအောင် ဖြူဖျော့နေပါသော်လည်း အဆစ်များ တောင့်တင်းမနေဘဲ သာမာန်လူများကဲ့သို့ လမ်းလျှောက်နိုင်သည်။ ပြီးလျှင် ဝူးဝူးဝါးဝါး အသံများသာ မဟုတ်ဘဲ စကားလည်း ပီပီသသပြောနိုင်သေးသည်။ ဘာကြောင့်ရယ်မသိ။ misaki သည် ဂုဏ်ယူသလိုလိုပင် ခံစားရသေးသည်။

       William တစ်ယောက် misaki ကို ခေါ်ကာ ရိက္ခာသွားမရှာချင်ရခြင်းမှာ ခရီးစဉ် နှောင့်နှေးသွားသောကြောင့်ပင်။ သူအနေနှင့် သိပ်ခွန်အားမကြီးသေးသော်ငြား ဇွန်ဘီဘုရင်ဖြစ်သည့်အတွက် အဆင့်နိမ့်ဇွန်ဘီများကို အလွယ်တကူ အမိန့်ပေးကာ လမ်းရှင်းခိုင်း၍ ရသည်။ အိမ်စောင့်ခိုင်း၍ရသည်။ သို့သော် misaki နှင့်အတူ အပြင်ထွက်လျှင်ဖြင့် ကျားသားရဲဂူထဲသို့ အသားဆူဖြိုးသည့် ယုန်တစ်ကောင် ယူသွားရသလို ဖြစ်နေသည်။ သူထိန်းချုပ်နိုင်သော ဇွန်ဘီအရေအတွက်နှင့်ပတ်သတ်ပြီးလည်း သုတေသနမလုပ်ရသေးပေ။ ထို့ကြောင့် နှစ်ယောက်သား ပုန်းလျှိုး ကွယ်လျှိုးဖြင့်သာ ခရီးဆက်နိုင်၏။

How to flirt with the final boss 2Where stories live. Discover now