အမျိုးသမီးကြီး Fumi ပုံမှန်သတိပြန်ဝင်လာချိန်မှာတော့ သမီးအငယ်လေးက သူမမျက်စိရှေ့မှာ ရှိနေတာကို မယုံနိုင်သေးဘူး။ ဒီရက်တွေအတောအတွင်း မြောက်များလှစွာသော ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ရတာကြောင့် စိတ်က သူ့ကို လှည့်စားပြီး ဒီလိုအိပ်မက်ဆန်တဲ့မြင်ကွင်းမျိုး ဖန်တီးနေတယ်လို့ ထင်သွားသည်။
သို့သော်လည်း သမီးဖြစ်သူကို အကောင်းအတိုင်းမြင်ရခြင်းက သူမအား မျက်ရည်ဝဲတက်လာစေသည်။ Zuni ၏တစ်ဇွတ်ထိုး လှုပ်ရှားမှုများက သွေးဆာနေတဲ့ဇွန်ဘီအရိုင်းအစိုင်းတွေကို ကျိန်းသေပေါက် ဆွဲဆောင်မိခဲ့သည်။ တိုက်ခန်းလေးက ကောင်းမွန်တဲ့အရိပ်အမြုံဆိုပေမယ့် ခေတ်ပျက်ကြီးကို ရင်ဆိုင်ဖို့ လုံလောက်အောင် မခိုင်မာပေ။ အထူးသဖြင့် တံခါးတွေ။ တံခါးကို ဇွန်ဘီတွေ ဖျက်ဆီးလိုက်ပြီး misaki အား အရိုးအသားမကျန်စားပစ်လိုက်မှာကို စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်မီးရော ရေပေးဝေမှုစနစ်ရော အကောင်းတိုင်း ရှိနေသေးသည့် တိုက်ခန်းဟာ အမြင်မှားနေခြင်းမဟုတ်မှန်း သိလိုက်ရချိန်တွင်တော့ Fumi သည် တစ်စုံတစ်ယောက်က သူမကို ကျောပိုးကာ အိမ်ကို ပြန်ခေါ်လာခဲ့ကြောင်း မှတ်မိသွားတော့သည်။ ရှေးရိုးစွဲ အမျိုးသမီးကြီးဟာ နတ်ဒေဝါတွေကို ကျေးဇူးတင်တော့မယ့်အချိန်မှာပဲ သူမကို ဇွန်ဘီတွေကြားမှ သက်စွန့်ဆံဖျား ဝင်ကယ်လာသူမှာ သမီးဖြစ်သူ၏ရည်းစားဖြစ်မှန်း သိလိုက်ရပြန်သည်။
တိုက်ခန်းထဲတွင် ဘယ်သူဘယ်ဝါမှန်း မသိရသေးသော လူများလည်း ရှိနေပြီး ထိုလူများက သူမသမီးနှင့် သားမက်ဖြစ်သူ၏ ကျေးဇူးသိတတ်မှုအကြောင်း ချီးကျူးနေကြသည်။ Fumi မှာ အပြောင်းအလဲများစွာကို လိုက်မမှီနိုင်တော့ဘဲ ခေါင်း ချာချာလည်သွားတော့သည်။ ဒါတွေက အချိန်တိုအတွင်းမှာ ဘယ်လိုများ ဖြစ်သွားနိုင်ရတာလဲ။
သတင်းကြေညာသူအမျိုးသမီး၏အမည်မှာ peony ဖြစ်ပြီး ဇွန်ဘီပျက်ကပ်အတွင်း သူမရဲ့စွမ်းရည်ကတော့ အနာဂတ်ကို တစ်ရက်စာ ကြိုခန့်မှန်းနိုင်ခြင်းဖြစ်သည်။ အနက်ရောင်မိုးများ ရွာသွန်းမည့်နေ့ကဆို သူမ အာရုံထဲ ပေါ်လာသည့်အတိုင်း ရေဒီယိုမှတစ်ဆင့် ချိတ်ဆက်ပြီး အကုန်လုံးကို သတိပေးခဲ့သည်။ ဟုတ်သည်။ ထိုကဲ့သို့ လျှပ်စစ်သုံးပစ္စည်းတွေကို ထိန်းချုပ်နိုင်သည့်စွမ်းရည်မှာ သူမ၏ကလေးတွင် ရှိနေခြင်းဖြစ်သည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.