Arc 9 part 8

18 3 1
                                    

       ရုံးခန်းထဲတွင် ဆရာများနှင့် ဖြစ်ကြောင်းကုန်စဉ်ပြောပြကာ ဆွေးနွေးပြီးနောက် ပြန်ထွက်လာစဉ်တွင် Michael သည် ထိုလူငယ်လေးခြောက်ယောက်က သူ၏သမီးဖြစ်သူအတွက်နှင့် ရန်ဖြစ်နေသည်ကို တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုစဉ် သူအံ့ဩသွားရသည်မှာ ဒီကောင်လေးများသည် သိကျွမ်းကြသည်မှာ တစ်ပတ်မျှကာလသာရှိသေးသော်လည်း သူ့သမီးကို ယုံကြည်ပေးကြသောကြောင့်ပင်။ သစ္စာမရှိသော အခန်း S မှ အတန်းဖော်များကို တွေးမိသော် အခန်းပြောင်းလိုက်ခြင်းမှာ မှန်ကန်သည့်ဆုံးဖြတ်ချက်ဟု တွေးလိုက်မိသည်။ ထို့ကြောင့် ဒဏ်ရာဒဏ်ချက်များကိုယ်စီနှင့် ကောင်လေးအား အိမ်သို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

      Misaki ရော နောက်လိုက်ညီငယ်လေးများရော ဝင်မကူညီနိုင်မှန်း သေချာစေပြီးနောက် Robert သည် နောက်ခြေလှမ်းအဖြစ် William အား ပြန်ပေးဆွဲစေခဲ့သည်။ သူ့အတွက် သူ၏ရိုကျိုးကာ ညင်သာသောပုံရိပ်မှာ အရေးကြီးဆုံးဖြစ်သည်။ အခန်း S တွင် ခြေကုပ်ယူပြီးနောက် Robert သည် ပိုလို့ဘဝင်မြင့်သွားရပြီး သူမျက်လုံးထဲတွင် ဆူးနှယ် ထောင်လွှားနေသော အကိုဝမ်းကွဲအား နင်းခြေချင်ခဲ့သည်။ ထို့ကြောင့် လူလွှတ်ကာ ဖမ်းဆီးစေပြီး William ပြန်ခေါင်းမမော့လာစေရန် ရိုက်နှက်လိုခြင်းဖြစ်သည်။ အနည်းဆုံးတော့ ညာလက်တစ်ဖက်ကို ချိုးပစ်မှရမည်။ S အခန်းမှ ငတုံးများ သူ့ကို ထောက်ခံရခြင်းမှာ သူ့အစ်ကိုကူးပြောင်းလာသည့် ဇာတ်ကောင်မှာ ငွေကြေးပြည့်စုံသော်လည်း အလွန်တုံးအကာ စာမလိုက်နိုင်သောကြောင့်ပင်။ သို့သော် William ကတော့ အလွန်ဉာဏ်ကောင်းပြီး ပြိုင်ဘက်မရှိ ထူးချွန်ကြောင်း သူ့လောက် သိနိုင်မည့်လူမရှိပါ။ ထို့ကြောင့် ထိုထက်မြက်ကာ စာတော်သည့်ကျောင်းသားဟူသော ဂုဏ်ပုဒ်ကို ပြန်ရယူခွင့် မပြုနိုင်ပါ။

         Michael က လူငယ်လေးခြောက်ယောက်နှင့်အတူ ကျောင်းအရှေ့တံခါးမှ ထွက်သွားသော်လည်း သက်တော်စောင့်အချို့ကတော့ နောက်ဖေးလမ်းကြားမှနေ ကိုယ်ယောင်ဖျောက်၍ လူအများမရိပ်မိစေရန် ပြန်ဆုတ်ခွာမည်ဖြစ်သည်။ တိုက်ဆိုင်စွာပင် သူတို့နှင့်ရင်းနှီးနေသော မမလေး၏သူငယ်ချင်း လူငယ်လေးသည် အများနှင့်တစ်ယောက် တိုက်ခိုက်နေသည်ကို တွေ့ခဲ့ကြသည်။ တိုက်ဆိုင်သည်ဟုပြောရခြင်းမှာ သူတို့သည် ပုံမှန်လူလုံးထွက်ပြလေ့မရှိဘဲ မမလေး၏သီးသန့်သက်တော်စောင့်များ ဖြစ်ကြပြီး ထိုနေ့က လူရမ်းကားများ၏နောက်တွင်ရှိနေခဲ့ကြကာ ထိုကောင်လေး ကျောင်းသားတစ်ယောက်ကို မေ့လဲသည်အထိ ကန်ပစ်လိုက်သည်ကို မျက်မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ အခုလည်း ထိုကောင်လေးမှာ ပိန်သွယ်ပျော့ပြောင်းသော ခန္ဓာကိုယ်နှင့်မလိုက်ဖက်စွာ သူ့ထက်ပိုထွားကြိုင်းသော လူတစ်စုအား အမှောက်သိပ်ပစ်နေသည်။

How to flirt with the final boss 2Dove le storie prendono vita. Scoprilo ora