ကြီးမားလှသည့် ကုန်တင်ကားကြီးက အပျက်အစီးပုံတွေကြားမှ တဖြည်းဖြည်း ရွေ့လာတာကို ကြည့်ရင်း အသက်ရှင်ကျန်ရစ်သူတွေမှာ မျက်ရည်တွေ ဝဲတက်လာရသည်။ သူတို့က အကယ်တင်ခံရမှာလား။
Misaki သည် ဖုန်များ သွေးများ ဖုံးလွှမ်းလျက် ညစ်ပေပြီး သနားစရာကောင်းလွန်းနေသော လူတစ်စုကိုကြည့်ရင်း သက်ပြင်းချမိရသည်။ ကမ္ဘာပျက်ကပ်မှာ ဒီလိုပုန်းအောင်းလို့ကောင်းသည့်နေရာမျိုး၌ အခြေစိုက်စခန်း တစ်ခုပဲရှိတာ ဖြစ်သင့်ရဲ့လား။ အစကတည်းက အချို့နေရာတွေ၌ ဟာကွက်တွေ အများကြီးရှိနေခဲ့တာဖြစ်သည်။
တံခါးကိုဖွင့်ပြီးနောက် လူတိုင်းကို ကားပေါ်တက်စေလိုက်သည်။ အခု သူတို့အားလုံးနှင့်ဆိုင်သည့် မြိုကို ပြန်ကြမည်။ ဒီလူတွေအကုန်လုံးက Yoko ၏ဦးဆောင်မှုအောက်တွင် ရှင်သန်ဖို့ တစ်ယောက်ကို တစ်ယောက် ထောက်ပံ့ပေးခဲ့ကြရသည်။ အခုချိန်အထိ တောင့်ခံထားနိုင်သည်မှာ အံ့ဩစရာကောင်းလွန်းနေပြီဖြစ်သည်။ Yoko အတွက် ကောင်းချီးတစ်မှတ်ပေးလိုက်၏။ အားလုံးပြီးဆုံးသွားချိန်တွင် သူကောင်းကောင်းမွန်မွန်နှင့် ဒီကမ္ဘာပေါ်မှ ထွက်သွားနိုင်လိမ့်မည်။ ဆက်၍နေခဲ့ချင်ရင်တော့လည်း နောက်တစ်မျိုး စီစဉ်ပေးရလိမ့်မည်။
တစ်ဖက်တွင် Yoko သည် ဇွန်ဘီလှိုင်းကြောင့် ထိခိုက်သွားသူမှန်သမျှကို လိုက်ကယ်တင်နေရင်း သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖိအားက တစ်မျိုးတစ်ဖုံ လျော့ကျသွားသလို ခံစားလိုက်ရသည်။ ဒီကမ္ဘာပေါ်ရောက်ကတည်းက သူ ထိုဖိအားကို အမြဲခံစားနေရတာဖြစ်သည်။ သို့သော် Yoko သည် ခါးဆန့်ကာ အပျော်မကြူးရဲသေးဘဲ လူကယ်သည့်အလုပ်၌ ပြန်အာရုံစိုက်ထားလိုက်သည်။
သူ့၏ system က အခုချိန်တွင် အားနည်းလို့နေသည်။ Zuni တို့အဖွဲ့က သူ့ကို သစ္စာဖောက်သွားတာကြောင့် system က သူ့ကို ကယ်တင်ရန် ရှိသမျှအစွမ်းကုန်ထုတ်သုံးလိုက်ရသည်။ ပထမဆုံးကမ္ဘာမှာထဲက မစ်ရှင် ကျရှုံးလျှင် နောက်ပိုင်းတွင် အဆင့်သတ်မှတ်ချက်မီအောင် ပြန်ကြိုးစားနိုင်ဖို့ မလွယ်ကူတော့ပေ။
လူတွေကို ကယ်တင်ရာမှ ရလာသည့်အမှတ်များနှင့် system ကို အားပြန်ပြည့်စေဖို့မျှော်လင့်ရင်း Yoko သည် သူ့ဘဝ၌ ဤ system သာမရှိလျှင် ဘယ်လောက် အထီးကျန်ဝမ်းနည်းစရာကောင်းနေလိမ့်မလဲ မတွေးဘဲ မနေနိုင်ပေ။
![](https://img.wattpad.com/cover/344085407-288-k633314.jpg)
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.