Arc 10 Dead Kiss

41 3 1
                                    

        William သည် သူ့ရှေ့ရှိ လေဟာပြင်၌ မြောလွင့်နေသော ကမ္ဘာအသွင်ဖန်လုံးအား လက်လှမ်းကြည့်မိသည်။

        "အထဲမှာ misaki ရှိနေလောက်လား"

       "ဒီကမ္ဘာမှာ ရှိနိုင်ချေအမြင့်ဆုံးပဲ host" 00 က တွက်ချက်နေရင်းမှ ပြန်ဖြေ၏။

        ထိုကမ္ဘာလုံးသေးသေးလေးသည် William ရှေ့တွင် ယိမ်းနွဲ့ကခုန်လျက်ရှိနေပြီး ‌တစ်ချက်ထိမိလျှင် ပေါက်သွားနိုင်မည့် ရေဘောလုံးလေးအလားပင်။ သူသည်လည်း misaki ၏ခံစားချက်ကို နားလည်စပြုလာသလိုလိုရှိ၏။ ဒီမျှလောက် သေးမွှားပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်ပုံပေါ်နေ‌လေရာ ကာကွယ်ထိန်းသိမ်းလိုစိတ်ကို အမှန်ပင် လှုံ့ဆော်နေသည်။

        00 သည် ကိန်းဂဏန်းများ စတင်ရေတွက်လာပြီး William အား အသင့်ပြင်ရန် သတိပေးလာသည်။ မည်ကဲ့သို့သော ပုံစံနှင့် misaki က သူ့အား စောင့်ကြိုနေလောက်သနည်းဟု တွေးမိရင်း William ပြုံးလိုက်၏။

         သူတို့ ကာကွယ်စောင့်ရှောက်ရမည့် ကမ္ဘာမှာ လူသားမျိုးနွယ်ကို မျိုးတုံးသွားစေနိုင်လောက်သည့် ဇွန်ဘီကပ်ဘေး ကမ္ဘာပျက်ကပ်ကာလကို ကြုံတွေ့နေရသည်။ အရင်မှတ်တမ်းဟောင်းများ မရှိတော့လေရာ လက်ရှိတွင် မူရင်း ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကို ရှာတွေ့ရန် မဖြစ်နိုင်တော့ပေ။ အညွှန်းအား ခေတ္တမျှဖတ်ပြီးနောက် ဘာကြောင့် စောင့်ရှောက်သူတို့က သူ့အား ဒီကမ္ဘာကို ပြင်ဆင်စေလိုသလဲ သဘောပေါက်စပြုလာသည်။ အရင်းအမြစ်သူခိုးများကို နှိမ်နင်းရမည်။

          ရုံးချုပ်မှ ကူးပြောင်းလာသူ အမျိုးသားနှင့် ပြန်လည်မွေးဖွားလာသူ အမျိုးသမီးတို့၏ အခြားသူများထက် ရှေ့တစ်လှမ်းကြိုမြင်ကာ အင်အားကြီးသန်မာလာသည့် ဇာတ်ကြောင်းဖြစ်သည်။ ကူးပြောင်းလာသူသည် မူရင်းဇာတ်လိုက်၏အရောင်အဝါနှင့် အခွင့်အလမ်းများကို ခိုးယူပြီးနောက် အင်အားကြီးစေရန် လုပ်ဆောင်၏။ ပြန်လည်မွေးဖွားလာသူမှာလည်း သူမ၏အမုန်းတရားတို့အတွက် ယခင်ဘဝမှ မှတ်ဉာဏ်များကို အသုံးပြုကာ လက်စားချေရန်ရည်ရွယ်ချက်ဖြင့် သန်မာအမှီအခိုကင်းရန် ကြိုးစားခဲ့သည်။ အဆုံးတွင်တော့ ရည်မှန်းချက်တူသူ ထိုနှစ်ဦး ပေါင်းစည်းသွား၏။ အစမှအဆုံး နှစ်ယောက်လုံးသည် ကိုယ်စီအတ္တတို့ဖြင့် ကိုယ်ကျိုးအတွက်သာ ကြည့်ခဲ့ပြီး ရောဂါရနေသော ကမ္ဘာမြေအား ပြန်ကောင်းမွန်လာအောင် ကုသရန် မကြိုးစားခဲ့ပေ။ ကမ္ဘာတည်မြဲရန် အလိုအပ်ဆုံးဖြစ်သည့် အရိုးရှင်းဆုံး ချစ်ခြင်းမေတ္တာပင် မထားရှိခဲ့ကြပါ။

How to flirt with the final boss 2Donde viven las historias. Descúbrelo ahora