အစ်မဖြစ်သူနှင့်တိုက်ပွဲက misaki ၏အရာအားလုံးကို ယူဆောင်သွားခဲ့သည်။ တစ်ချိန်က မိစ္ဆာအရှင်သခင်မဖြစ်ခဲ့ကြောင်းကိုလည်း မမှတ်မိတော့သလို သူမကိုယ်သူမ ဘယ်သူဘယ်ဝါလဲမှန်း မသိတော့ချိန်မှာ လူတစ်ယောက်၏ ကယ်တင်မှုကြောင့် ဒီကျောက်စိမ်းလမင်းတောင်ထွတ်ဆီသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
တုံးအတယ်ဆိုတာ ဘယ်လိုမျိုးကို ခေါ်တာလဲ။ misaki သည် လိမ်လည်လှည့်ဖျားခြင်းနှင့် မရင်းနှီးလေရာ သူမကို တစ်ယောက်ယောက်က ဘာအဆင်မပြေတာရှိသလဲ မေးချိန်တွင် ဒီဝတ်ရုံအဖြူတွေက အလုပ်ရှုပ်ပြီး ဘာနေရာမှကောင်းမွန်မနေကြောင်း အမှန်တိုင်းဖြေလိုက်မိသဖြင့် ဂိုဏ်းတူအစ်ကိုတွေကို အတွေးများအောင် လုပ်မိသလိုဖြစ်သွားတော့သည်။ကျောက်စိမ်းလမင်းတောင်ထွတ်တွင် လူတိုင်းက ရိုးရှင်းစွာ ကျင့်ကြံအားထုတ်ရသည်။ လူတွေအမြင်မှာ အနိုင်ကျင့်သလိုဖြစ်နေသော်လည်း ထိုဂိုဏ်းတူအစ်ကိုကြီးတွေက misaki ၏ အင်္ကျီအဖြူကို ရွံများဖြင့် ညစ်ပတ်စေကာ အရောင်ပြောင်းစေလိုက်သည်။ ဒီလိုဆို အဖြူမဟုတ်တော့သဖြင့် ဂိုဏ်းတူညီမလေးအတွက် အဆင်ပြေသွားပြီဖြစ်သည်။
ထိုအချိန်တွင် misaki သည် ဉာဏ်ရည်ပြည့်မီသည့်အလျောက် သူ့ရှေ့က ငတုံးအုပ်စုကို ငတုံးဟု မခေါ်ဘဲ မနေနိုင်ဖြစ်သွားရသည်။ နဂိုထဲက ဂိုဏ်းကဆင်းရဲလို့ ရေခပ်ထင်းခွဲကိစ္စတွေကို ဂိုဏ်းသားတွေကပဲ တာဝန်ခွဲယူပြီး လုပ်ကိုင်နေရတာကို အခုတော့ ဒီအရူးတစ်စုကြောင့် သူမ၏အင်္ကျီကို အဖြူရောင်ပြန်ဖြစ်အောင် လက်ပွန်းမတတ်လျှော်ရတော့မည်ဖြစ်သည်။
ကျောက်စိမ်းလမင်းတောင်ထွတ်ဂိုဏ်းက လူတွေသည် ဂိုဏ်း၏တမူထူးခြားသည့် ကျင့်စဉ်ကြောင့် နေ့ဘက်ဆို အူကြောင်ကျားတွေဟု အထင်ရောက်စရာရှိသည်။ ညဘက် လထွက်သည့်အချိန်ရောက်လျှင်တော့ ဂိုဏ်းသားတစ်ယောက်ချင်းစီတိုင်းသည် တည်ကြည်ပြီး အားကိုးရသည့် ဓားသမားတွေဖြစ်သည်။
တစ်သက်လုံး ဓားတစ်လက်ကိုသာ အသက်လို ဆွေမျိုးရင်းချာလို ပေါင်းသင်းဆက်ဆံလာခဲ့သည့်အလျောက် အနှီဂိုဏ်းတူအစ်ကိုကြီးများမှာ ရေမျောကမ်းတင်လာသည့် ဂိုဏ်းတူညီမလေးအပေါ် ဘယ်လို ကောင်းပေးရမလဲ မသိဖြစ်နေကြသည်။ အထူးသဖြင့် ညီမလေးက နုနယ်ပျော့ပြောင်းမနေဘဲ သူတို့နှင့်အတူ ရေပုံးသယ်ပြီး ပြေးနိုင်တဲ့အထိ အားကြီးလေရာ တစ်ခါတစ်ခါ သူတို့အကြား ဆက်ဆံရေးမှာ ကပေါက်တိကပေါက်ချာနိုင်လှသည်။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.