arc 11 part 13

23 4 0
                                    

      နေ့၌ပင် သုသာန်အလား တိတ်ဆိတ်နေသည့် အိမ်တော်ကြီးကြောင့် သခင်မကြီးလည်း ရောဂါစွဲကပ်ချင်လာတော့သည်။ အိမ်တော်၏ဦးစီးက အရင်ဆုံး ပြိုလဲကျသွားသည့်အချိန်တွင် အိမ်တော်တစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်သည်မှာ ထူးတော့မထူးဆန်းပေ။

      မကောင်းသည့် ဆွေမျိုးများနှင့် ရန်ဖြစ်ပြီးနောက်တွင်တော့ ဝမ်အိမ်တော်မှ သခင်မကြီးလည်း စိတ်ပျက်အားလျော့စွာဖြင့် ခုံပေါ်သို့ လဲကျသွားတော့သည်။ သူမ၏စိတ်နှင့် ခန္ဓာက အလွန်ကိုဖိစီးပင်ပန်းနေပြီဖြစ်သည်။ ခင်ပွန်းသည်၏အခြေအနေက တစ်စတစ်စပိုဆိုးလို့လာပြီး အခုဆိုလျှင် သမားတော်ထက် ပယောဂနှင်သည့်ဆရာကို ပင့်ရသည့်အခြေအနေပင် ရောက်လို့နေပြီဖြစ်သည်။ မသေခင်ကတည်းက အပေါ်ကနေ ပိတ်စဖြူကြီးတစ်ထပ်အုပ်ထားခံရကာ မွန်းကြပ်နေမည့် ခင်ပွန်းသည်ကိုတွေးမိတော့ သူမလည်း ရင်ဘတ်ထဲတွင် စို့နင့်လာတော့သည်။

     သေသည်လော ရှင်သည်လော မသိရပါဘဲ ညဘက်မှသာ ဝိညာဉ်လိုလို တစ္ဆေလိုလို အိမ်တော်ခြံဝန်းထဲ၌ လျှောက်သွားနေသည့် ခင်ပွန်းဖြစ်သူ၏အကြောင်းက လူပြောစရာဖြစ်လာသည်။ နဂိုထဲက နေရာလုချင်နေပါသော ဆွေမျိုးတစ်စုက သူမခင်ပွန်းကို မြှုပ်နှံရန်ဟုဆိုကာ လူအင်အားစုရုံးလျက် ခြံထဲကို ရောက်ချလာမည်လို့တော့ မထင်ထားခဲ့ပေ။ သမားတော်တွေတောင် သေဆုံးကြောင်း မပြောနိုင်သေးဘဲ သူမတောင် ခင်ပွန်းသည်ကို လက်မလျှော့သေးဘဲ သူတို့မို့ သွေးသားတော်စပ်သည့် ဆွေမျိုးရင်းချာဖြစ်လျက် အခုလိုမျိုး လုပ်ဖို့ တွေးရဲသည်။

      ထိုအတင့်ရဲလှသည့် လူတစ်စုနှင့် ဖက်ပြိုင်ရန်ဖြစ်ကာ အကုန်လုံးကို ခြံဝန်းထဲမှ နှင်ထုတ်အပြီးတွင် သူမထံ၌ မည်သည့်အင်အားမှ မကျန်တော့ပါချေ။ ဝမ်အိမ်တော်က ဘိုးဘေးတွေကို အပြစ်ပြုမိလို့များ အခုလိုဖြစ်ရပ်ဆိုးတွေနှင့် ကြုံကြိုက်ရခြင်းပေလား။ သို့တိုင်အောင် သူမရော သူမ၏ခင်ပွန်းသည်ရောက မည်သူ့ကိုမှ ထိခိုက်အောင်မလုပ်ဖူးသလို ဘိုးဘေးတွေမကြိုက်သည့် မည်သည့်အရာကိုမှလည်း မကျူးလွန်ဖူးပေ။ ဒီကံဆိုးမှုက ဘယ်အကြောင်းကြောင့် သူမတို့အိမ်တော်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရပါသလဲ။

How to flirt with the final boss 2Where stories live. Discover now