ကျောက်စိမ်းလမင်းဂိုဏ်းတွင် ဂိုဏ်းချုပ်အပါအဝင်မှ တောင်သခင် လေးယောက်သာရှိသည်။ ဆေးလုံးဖော်စပ်သည့် တောင်သခင်က သူ့ရှေ့မှ ဝတ်ရုံအညိုနှင့် လူအိုကြီးဖြစ်လိမ့်မည်ဟု William ခန့်မှန်းလိုက်သည်။ မျက်နှာချင်းဆိုင် အဝေးကြီးကတောင်မှ ဆေးခါးနံ့ကို သူခံစားလို့ရနေတာကြောင့်ဖြစ်သည်။
သဘောကောင်းသည့်အသွင်နှင့် သူရဲကောင်းရုပ်ရည်ပိုင်ရှင်ကတော့ ဓားလက်နက်သခင်ဖြစ်ဟန်တူသည်။ စူးရှသည့်အကြည့်တို့က လုံးဝသာမာန်မဟုတ်ပေ။ တည်တံ့သည့် အရောင်အဝါနှင့် အလယ်ဗဟိုတွင် နေရာယူထားသူက ဂိုဏ်းချုပ်တစ်ဖြစ်လဲ လက်ဖွဲ့မန္တာန်ဂါထာပိုင်းတွင် တစ်မျိုးအောက်က တစ်ယောက်ဟု ကျင့်ကြံရေးလောကမှ လူတိုင်း လက်ခံရသည့် တောင်သခင်ဖြစ်လိမ့်မည်။ တစ်ယောက်ချင်းစီက သူတို့၏ဆိုင်ရာပိုင်ရာ နယ်ပယ်တွင် ထိပ်သီးများဖြစ်ကြသော်လည်း နှစ်တွေဒီလောက်ကြာတာတောင် ဂိုဏ်းကိုတော့ ထိပ်သီးဂိုဏ်းဖြစ်အောင် မစွမ်းဆောင်နိုင်၍ လှောင်ပြောင်ဟားတိုက်ခံနေကြရသည်။
အသက်အငယ်ဆုံးနှင့် တောင်သခင်ဖြစ်လာသည့် သူကတော့ ဘယ်လိုစွမ်းရည်မျိုး ပိုင်ဆိုင်ထားသလဲ 00 က မဖော်ပြထားပေ။ စွမ်းရည်နှင့် မူလရင်းမြစ်နေရာတွင် ရှုပ်ထွေးဟုသာ တင်ပြထား၏။ ဒီခန္ဓာကိုယ်ပိုင်ရှင်သည် ကျင့်ကြံဖို့ မွေးဖွားလာသူဟု အမွမ်းတင်ရလောက်အောင်ကို အစောပိုင်းကာလများ၌ ကျင့်ကြံဆင့်တွေကို အလွယ်တကူ ကျော်ဖြတ်ပြီး ဂိုဏ်း၏ရတနာလေးအဖြစ် ကြီးပြင်းလာခဲ့သည်။ ထို့နောက်မှာတော့ တစ်ဆင့်ပြီးတစ်ဆင့် တောင်သခင်နေရာကို အရောက်လှမ်းနိုင်ခဲ့၏။
သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က ဘယ်လိုကိစ္စတွေရှိခဲ့သလဲ မသိရဘဲ မူလပိုင်ရှင်၏ခန္ဓာကိုယ်ကလည်း ဆက်ပြီး မကျင့်ကြံနိုင်တော့ဘဲ ရပ်တန့်နေခဲ့သည်။ ဉာဏ်ကြီးရှင်ဟု မြှောက်ပင့်ခံရသည်နှင့်အသားကျနေသော မူလပိုင်ရှင်က သူ့ရဲ့ကံကြမ္မာကို လက်မခံချင်ခဲ့ပေ။ ဆရာဖြစ်သော အရင်ဂိုဏ်းချုပ်ဟောင်းနှင့် တွေ့ကာ တိုင်ပင်လိုခဲ့သော်လည်း သူရောက်သွားသည့်အချိန်တွင် အကြီးဆုံးအစ်ကိုကြီးဖြစ်သည့် လက်ရှိဂိုဏ်းချုပ်က ဆရာသခင်ကို ရင်ဝဓားနှင့်စိုက်လိုက်သည့်မြင်ကွင်းက ဆီးလို့ကြိုနေခဲ့၏။
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.