Arc 9 part 24

25 1 0
                                    

         အတန်းပြီးဆုံး၍ ဆရာပင် အတန်းအပြင်မ‌ေရာက်သေးသော်လည်း အတန်းတွင်းအခြေအနေမှာ ထိန်းမရသိမ်းမရဖြင့် ဗြောင်းဆန်နေပြီဖြစ်သည်။ အချို့ဆို စားပွဲခုံကိုပင် ထုရိုက်ကာ အော်ဟစ်နေကြ၏။ အဆိုးဆုံးမှာ ညီငယ်လေးများပင်။ သူတို့အစ်ကိုကြီးနှင့် misaki အား ဝန်းရံလျက် ခရီးစဉ်အတွက် အလုအယက်ဆွေးနွေးနေကြသည်။

       misaki သည် စခန်းချခရီးထွက်ခြင်းမျိုးကို သဘောမကျသော်ငြား ထိုကဲ့သို့ အရူးလိုပျော်ရွှင်နေသော ကလေးတစ်သိုက်ကြောင့် ခေါင်းငြိမ့်မိရသည်။ အမြဲလို အေးတိအေးစက် အရေးမစိုက်သည့်ဟန်ဖြင့် William ပင် မျက်လုံးထဲ၌ အလင်းများတောက်ပနေပြီး နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ သူသည်လည်း ဤကဲ့သို့ တက်ကြွမြူးထူးချင်စရာ လေထုကို သဘောကျပုံရသည်။

      နောက်ပိုင်းတွင် William သည် မူလကိုယ်၏မိဘများနှင့် သဟဇာတဖြစ်စွာ နေနိုင်နေပြီဖြစ်သည်။ အနှီလူနှစ်ဦး၏ နှောင်းနောင်တမှာ အချိန်လွန်နေပြီဖြစ်သော်ငြား တစ်ဖက်လူက ပြင်ဆင်လိုစိတ်ရှိသည်ကို အသိအမှတ်ပြုသင့်သည်ဟု ထင်သောကြောင့်ပင်။ ထို့ပြင် သူသည်လည်း မူလပိုင်ရှင်၏နေရာကို လုယူထားသူဖြစ်နေသေးသည်လေ။

       ပျော်ရွှင်မှုမှာ သိပ်မကြာခင် ညည်းတွားမှုဖြင့် အစားထိုးခြင်းခံလိုက်ရသည်။ အကြောင်းမှာ ထိုစခန်းချခရီးစဉ်မှာ အမှတ်တစ်နှင့်အမှတ်နှစ် ကျောင်းနှစ်ကျောင်း‌၏ ချစ်ကြည်ရေးအား ရည်ရွယ်သည်ဟု ဆိုလာသောကြောင့်ပင်။ ထိုသတင်းက လူတိုင်းကို စိတ်ပျက်အားလျော့သွားစေပေမယ့် misaki ကတော့ သူမ၏စိတ်နှလုံးတစ်ခုလုံး တင်းကြပ်သွားရ၏။ William က တစ်ခုခုထူးဆန်းနေသည်ကို ခံစားမိသော်လည်း သူလှည့်ကြည့်ချိန်တွင် misaki က မြင်နေကျအပြုံးတစ်ခုနှင့်အတူ ပုံမှန်ပြန်ဖြစ်နေပြီဖြစ်သည်။ William မှာ သူ၏စိတ်ထင့်နေခြင်းအတွက် အဖြေရှာမရဖြစ်သွားရ၏။

        အမြဲငြိမ်သက်ခဲ့သည့် မြေအောက်လောကတွင် ရက်ပိုင်းအတွင်း ပြဿနာမျိုးစုံပေါ်ပေါက်နေပြီး Michael သည် အားလပ်ချိန်ပင် မရှိလောက်အောင် အလုပ်များနေခဲ့သည်။ အန္တရာယ်တစ်စုံတစ်ရာကိုလည်း မသိစိတ်မှ ခံစားနေမိပြီး အကြောင်းပြချက်မရှိ သမီးဖြစ်သူအား မကြာခဏ ကြည့်နေမိသည်။ သို့သော်လည်း စိတ်ထဲမအေးနိုင်ဖြစ်နေဆဲပင်။

How to flirt with the final boss 2Donde viven las historias. Descúbrelo ahora