William တစ်ယောက် misaki ၏အမေဖြစ်သူကို ရှာတွေ့ချိန်တွင် အမျိုးသမီးကြီး fumi ဟာ အားအင်ပြတ်လွန်းလို့ အသက်မျှင်းမျှင်းသာ ရှူနိုင်တော့တဲ့အခြေအနေအထိ ချုံးချုံးကျနေခဲ့ပြီ။ ဒီအရွယ်အထိ မိသားစုအတွက် ရုန်းကန်ခဲ့ရပြီး ဇရာကလည်းထောက်လာပြီမို့ ကမ္ဘာပျက်ကပ်တွင် ဇွန်ဘီတွေအကြား အစာထွက်ရှာဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့။ Zuni တို့ ရိက္ခာတစ်ထုပ်ချန်ရစ်ပေးခဲ့သည်ကိုပင် ကျေးဇူးတင်ရမည့် အနေအထားပင်။ မဟုတ်လျှင် William ရှာတွေ့ချိန် အရိုးစုလေးဖြစ်နေလောက်သည်။
အခြေစိုက်စခန်းတွေ၌ ကြီးနိုင်ငယ်ညှင်းဝါဒတွေက စတင်နေပြီမို့ သက်ကြီးရွယ်အိုတွေနှင့် ကလေးတွေဟာ အသုံးမဝင်တော့သည့် မှီခိုအဆင့်အဖြစ် နိမ့်ကျသွားကြပြီဖြစ်သည်။ Fumi အနေနှင့်လည်း အခြေစိုက်စခန်းဆီ သွားပူးပေါင်းလိုစိတ်မရှိဘဲ လမ်းကြိုလမ်းကြားလေးတွေကြား သည်းထိပ်ရင်ဖိုဖွယ် ကောင်းစွာ လှုပ်ရှားရင်း သမီးငယ်ကို ရှာဖို့ အိမ်ပြန်ချင်ခဲ့သည်။ ခရီးတစ်ထောက်ကို ရောက်လာချိန်တွင်တော့ အစာရေစာက ပြတ်တောက်သွားပြီး ခန္ဓာကိုယ်ကလည်း စိတ်သွားတိုင်း ကိုယ်မပါတော့။ ခရီးသွားဖော်လည်း မပါလာတာမို့ ညဘက်တွေလည်း ဘယ်အချိန် ဇွန်ဘီအစာအဖြစ် အစားခံရမလဲ မသိနိုင်တာကြောင့် သတိကပ်ကာ အိပ်တစ်ဝက် နိုးတစ်ဝက် ကုန်ဆုံးခဲ့ရသည်သာ။
William လည်း သတိမျော့မျော့သာ ရှိတော့သည့် အမျိုးသမီးကြီးကို လည်ချောင်းခြောက်သက်သာစေရန် ရေတိုက်ကာ သယ်လာသည့် ရိက္ခာခြောက်များဖြင့် ဗိုက်ဝစေသည်။ ထို့နောက်တွင်တော့ ကောင်းကောင်းမွန်မွန်အိပ်စက်စေပြီး သူ့ကျောပေါ်တွင် ထမ်းလျက် မြို့ငယ်လေးဆီသို့ ဦးတည်ပြန်လာခဲ့သည်။ ကံကောင်း ထောက်မ၍ အပြန်ခရီးဟာ မရှည်ကြာခဲ့ပေ။
တံခါးရှေ့က အစောင့်ဇွန်ဘီတွေပင် တဂူးဂူး တဂါးဂါး မလုပ်ရဲတော့သည်အထိ နှမ်းမဲလို့ မိုးစက်များက William ၏ဇွန်ဘီဘုရင် ဗီဇကို အားကောင်းသန်မာသွားစေသည်။ တိုက်ခန်းတံခါးကို ဖွင့်လိုက်ပြီး အခန်းအတွင်း ဝင်လာလိုက်စဉ်တွင် ကလေးငိုသံနှင့်အတူ တစ်ခါမှ မမြင်ဖူးသည့်လူများ ရှိနေသည်ကို မြင်လိုက်ရသည်။
![](https://img.wattpad.com/cover/344085407-288-k633314.jpg)
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.