အမှတ်တစ်၏ကျောင်းဝင်ခွင့်မှာ ခက်ခဲလှကာ ငွေကြေးလည်း မပြတ်လပ်သဖြင့် ထိုကျောင်းသို့ အဆက်အသွယ်နှင့်ပိုက်ဆံကိုသုံးကာ ဝင်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော် တစ်စုံတစ်ယောက်ကတော့ ချွင်းချက်ဖြစ်သည်။ ထိုနှစ်က misaki သည် ပြန်ပေးဆွဲခံရကာ ရိုက်နှက်ခံခဲ့ရပြီး ထွက်ပြေးလာစဉ် တောင်စောင်းမှချော်ကျကာ ဒဏ်ရာဗလပွနှင့် လက်ကျိုးသွားခဲ့သည်။ ထိုနှစ်နွေရာသီတွင် misaki ၏ဖခင်အိုကြီးမှာ ဆေးရုံကုတင်ထက် အားနည်းဖျော့တော့စွာ လှဲနေသော သမီးဖြစ်သူအား ကြည့်ရင်း စိုးရိမ်စိတ်တို့လွန်ကဲခဲ့ရသည်။ တခြားရွယ်တူကလေးများ ကျောင်းသွားနေချိန်တွင် သူ့သမီးလေးကတော့ ဒီလိုမျိုး ပိုက်အသွယ်သွယ်တပ်ကာ အသက်ရှူဖို့ပင် ခက်ခက်ခဲခဲအားထုတ်နေရသည်။ နောက်ပိုင်း ပြန်သက်သာလာချိန်တွင်တော့ ကျောင်းဖွင့်ချိန်မှာ နှစ်လပင် ကျော်သွားခဲ့ပြီဖြစ်သည်။ ဖခင်၏အကူအညီဖြင့် misaki သည် ဝင်ခွင့်စာမေးပွဲ မဖြေဆိုခဲ့သော်လည်း အမှတ်တစ်ကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။
"အဖေ ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့" ဒါက ဇာတ်လမ်းတိုးတက်ရန်အတွက် သူမ ကိုယ်တိုင် လိုလိုလားလား လက်ခံခဲ့သော အပြောင်းအလဲဖြစ်သည်။ လက်ကျိုးတာက ပြန်ကောင်းသွားလိမ့်မည်။ ဇာတ်ကွက်တစ်ခု လွတ်သွားလျှင်တော့ ပြန်ဖြည့်စွက်ဖို့ မလွယ်ကူလှပါ။ ထိုကဲ့သို့ သူမ အမျိုးမျိုး အနစ်နာခံ ကြိုးစား တည့်မတ်ထားရသော ကမ္ဘာအား အပြင်လူက ဖျက်ဆီးပစ်ချင်နေကြောင်း တွေးမိသောအခါ လက်ထဲရှိ ဘောပင်ကိုပင် ချိုးပစ်ချင်လာသည်။
အမှတ်တစ်လိုမျိုး ကျောင်းတွင် အစစ်အမှန်ကျောင်းလူဆိုးကို ရှာမတွေ့နိုင်ပါ။ စစ်မှန်လွန်းမက စစ်မှန်လွန်းသည့် ကျောင်းလူဆိုးလေးများသာရှိသည်။ ဥပမာအရဆို ကျောင်းစာရော အားကစားမှာတော်သည့်အပြင် ရန်ဘယ်လိုဖြစ်ရမလဲ ဘယ်လိုအနိုင်ပိုင်းရမလဲ သိသည့်ကျောင်းသားလေးများပေါ့။ ညီလေး 1 နှင့် ညီလေး 2 သည် ထူးချွန်ပြိုင်ပွဲများကို မကြာခဏဝင်ဖြေဆိုရပြီး အဖွဲ့ထဲတွင် အတော်ဆုံးနှစ်ယောက်ဖြစ်သည်။ ကျန်သည့်လေးယောက်ကလည်း နုံချာမနေပါချေ။ အမျိုးမျိုးသော ဆုတံဆိပ်များ သာမာန်ထက်ထူးကဲသည့်အဆင့်သတ်မှတ်ချက်များ ကိုယ်စီရှိကြသည်။ သို့သော် ထိုအရာများသည် အခန်း S မှ ပြောင်းလာသည့် misaki နှင့်ယှဉ်သော် အနည်းငယ် နောက်ကောက်ကျကျန်ခဲ့၏။
ESTÁS LEYENDO
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.