Part 1.1
အခန်း (၁)
မီးပျက်သွားစဥ်ဝယ်
ချန်းလင်လမ်း၊ ရှီကျောင်းရပ်ကွက်၊ ဟိုက်ကူ။
အချိန်အားဖြင့် ဗုဒ္ဓဟူးနေ့၊ မနက်၄နာရီခွဲ။
မိုးက သည်းကြီးမည်းကြီးရွာနေပြီး လမ်းမီးတိုင်တွေဟာ ပျက်တော့အံ့ဆဲဆဲ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတယ်။ နောက်ထပ် မိုးကြိုးနီတစ်ချက် ကျရောက်လာချိန်မှာတော့ မီးတိုင်အားလုံး တစ်ပြိုင်နက်တည်း မှိတ်သွားလေရဲ့။
ချက်ချင်းဆိုသလိုပဲ တစ်လမ်းလုံး မှောင်အတိကျသွားတော့တယ်။
မီးပျက်သွားတဲ့ ဧရိယာထဲမှာ အမှတ်၀၁၈၊ ချန်းလင်လမ်း၊ ဟိုက်ကူမြို့ စိတ်ရောဂါကုစင်တာကြီးပါ ပါတယ်။
အဲ့ဒီစင်တာကို ၁၉၆၀ခုနစ်မှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဟိုက်ကူမြို့စွန်မြို့ဖျားမှာ အကြီးဆုံးအဆောက်အဦးအဖြစ် သတ်မှတ်လို့ရတယ်။ စစဆောက်ချင်းတုန်းက 'ဟိုက်ကူစိတ်ဝေဒနာသည်ဆေးရုံ'လို့ ခေါ်တွင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ "စိတ်ရောဂါကုစင်တာ"ဆိုပြိး ပြောင်းလဲခေါ်ဆိုခဲ့ကြတယ်။
ပြင်ပလူနာဆောင်၊ စတုထ္ထထပ်။
အဘိုးကြီးကျန်းတစ်ယောက် အိပ်ယာပေါ်ကခုန်ထပြီး အိပ်ယာခင်းတွေကို လှန်လှောရှာဖွေလိုက်တော့ ဖွက်ထားတာကြာပြီဖြစ်တဲ့ သော့ကတ်လေးထွက်လာတယ်။ အဲ့ဒီနောက် သူ ဖိနပ်အပါးပြောင်းစီးလိုက်ပြီး သူ့ဆေးရုံအင်္ကျီရဲ့ရှေ့ကော်လံကို ဆွဲရင်း ခါးကိုမတ်မတ်ထားမိတယ်။
ဆေးရုံရဲ့အဆောက်အဦးတွေနဲ့ အသုံးအဆောင်တွေက အိုဟောင်းနေပြီ။ အရေးပေါ်မီးပေးတဲ့စနစ်ကိုလည်း ပြင်ပလူနာဆောင်အထိ မချိတ်ဆက်ထားဘူး။ အဝင်အထွက်တံခါးတွေကို ဘတ်ထရီနဲ့ချိတ်ထားတဲ့အတွက် သုံးလို့ရသေးပေမယ့် စောင့်ကြည့်ကင်မရာတွေတော့ ရမှာမဟုတ်ဘူး။ ဒါကြောင့် ဒီအခွင့်အရေးက တစ်သက်မှတစ်ခါတည်း။
သူ ဒီနေ့ပဲ ဆေးရုံကနေ အတင်းအဓမ္မဆင်းပြီး သားနဲ့ချွေးမကို အံ့သြသွားအောင်လုပ်ပေးလိုက်မယ်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...