Part 32.1

296 30 0
                                    


Chapter 32: အဓိပ္ပာယ်မရှိသောစကားများ

သောကြာနေ့ ဇူလိုင်၁၆ရက် အဖြစ်အပျက်၏တတိယနေ့။

"ငါဒီအမှတ်အသားကို မြင်ဖူးတယ်"

လုရှောင်ဟယ်သည်သူတို့အား ခွဲခြမ်းစိတ်ဖြာခြင်းအစီရင်ခံစာကို ပြသလိုက်သည်။ ယနေ့သူမသည် [တိရစ္ဆာန်မြေဝန်းကျင်]ဟုရေးထားသော တီရှပ်ကိုဝတ်ဆင်ထားသည်။

*၎င်းသည် အခြားသူများ၏ အခြေအနေကို စာနာနားလည်ခြင်းဟုဆိုသော အသုံးအနှုန်းနှင့်သံတူကြောင်းကွဲဖြစ်သည်။

"အမှတ်အသားရဲ့ ရုပ်ပိုင်းဆိုင်ရာထင်ရှားမှုက ညွှန်ပြချက်နဲ့တူပြီး ဒါကြောင့်ရှောင်ကျုံးက သာမန်မျက်စိနဲ့မြင်နိုင်တာပဲ။ အကြောင်းအရင်းအတွက်ကတော့ ထူးခြားဆန်းပြားတဲ့ဖြစ်စဉ်တွေရဲ့ အကျိုးသက်ရောက်မှု ဖြစ်နိုင်ခြေအရှိဆုံးပဲ...။ အဲ့ဒါကိုယ်တိုင်ရဲ့ အမှတ်အသားအဓိပ္ပာယ်အတွက် ရှီအန်းရဲ့ဒေတာဘေ့စ်ထဲ ဒါကိုမှတ်တမ်းတင်ထားတာမရှိဘူး"

ယင်းရန်သည်လည်း အမှတ်အသားကို မမှတ်မိပေ။ သူ၏အမူအရာမှာ ကျုံးချန်းရှော်ကဲ့သို့ လေးနက်သည်မှာ ရှားပါးသည်- သူသည်Excelနှင့် တိုက်ပွဲဝင်ရသဖြင့် လုရှောင်ဟယ် ပြောသမျှအား သူနားထောင်လိုစိတ် ရှိသည်။

ကျုံးချန်းရှော်က သည်းခံကာ ပြောလိုက်သည်။ "နောက်ထပ်ကြည့်ရှုသူ နည်းနည်းပိုရှိရင်ပေါ့။ အစ်မလု၊ အစ်မရဲ့ဒရုန်းမှာ ကင်မရာလုပ်‌ငန်းရှိလား"

"မရှိဘူး" လုရှောင်ဟယ်ကပြောသည်။ "ရှိခဲ့ရင်တောင် ရှီအန်းက ငါ့ကို သုံးခွင့်ပေးမှာ မဟုတ်ဘူး"

"ဘာကြောင့်လဲ"

"တချို့အယူအဆတွေက တော်တော်အရေးကြီးတယ်။ ဝါရင့်ဝန်ထမ်းတစ်ယောက် အနေနဲ့ ဒါကို မင်းတို့နှစ်ယောက်နဲ့ ဒါကို အလေးပေးဖို့လိုတယ်။ နောက်က အမိန့်က ဘာကြောင့် သိပ္ပံစာတိုက် ဖြစ်ရမှာလဲဆိုတာကို မင်းတို့သိကြလား"

ယင်းရန်က တိတ်တဆိတ်ခေါင်းခါပြလိုက်သည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက လူသားများသည် အယူသီးမှုအနည်းနှင့်အများရှိခဲ့ကြသည်။ အဖွဲ့အစည်းကြီးတစ်ခု ဖွဲ့စည်းမည့်အစား "သိပ္ပံစာတိုက်"ကို ကြိုက်နှစ်သက်သူအလွန်နည်းပါးသည်။ သူ့အတွက် သိပ္ပံစာတိုက်၏စည်းမျဉ်းတိုင်းမှာ အသစ်စက်စက်ပင်ဖြစ်သည်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now