"မင်းလုပ်ချင်လား" ကျုံးချန်းရှော်ကမတုံ့ပြန်သောအခါ ယင်းရန်ကသူ၏တံတောင်ကိုမြှောက်ကာ ထိုလူ၏ခါးကိုနောက်တစ်ကြိမ် ရည်ရွယ်ချက်ရှိရှိထိသည်။
"ဘာကြေးလောင်းမှာလဲ" သေချာပေါက်ကျုံးချန်းရှော်မှာ ထပ်ကျုံ့သွားသည်။
"ငါတို့ဂိမ်းထဲမှာ ဖျက်ဆီးရေးနဂါးကိုတွေ့ရင် မနက်လားညလားလောင်းမယ်" ယင်းရန်ကပြောလိုက်သည်။ "နိုင်တဲ့သူကရှုံးတဲ့သူကို ကိစ္စတစ်ခုလုပ်ဖို့ အမိန့်ပေးနိုင်တယ်။ ဘယ်လိုလဲ"
"အိုကေ"
"ငါကညဘက်လို့လောင်းတယ်" ယင်းရန်သည်သူ၏ကောက်ကျစ်သောတံတောင်ကို နောက်သို့ပြန်ဆုတ်လိုက်သည်။ "ဆိုလိုတာကမင်းက နေ့ဘက်ကိုလောင်းတာပဲ"
"အိုကေ" ကျုံးချန်းရှော်၏မျက်လုံးများမှာ သူသည်သတိမထားမိသည့်အလား တည်ကြည်နေသည်။
ရှေ့သို့တိုးတာအခန်းမှာ အဆုံးမရှိသောထပ်ခါထပ်ခါမြင်ကွင်းများနှင့် တိုက်ပွဲနောက်ခံတေးဂီတတို့ပါလာသော နူးညံ့သောအသံများနှင့်ပြည့်နေသည်။ ရွံစရာကောင်းကာ ပျက်စီးနေသောစိမ့်ရေမှာ ဆက်တိုက်အသစ်ပြန်ဖြစ်နေပြီး ကျယ်လောင်သောဟိန်းသံများနှင့် မကောင်းဆိုးဝါးအသစ်များကို ထွက်ပေါ်စေသည်။
သူတို့သည်နောက်ဆုံးတွင် အမြင့်ဆုံးအဆင့်ကိုရောက်သောအခါ အဓိကတောင်းဆိုမှုအချက်ပေးသံမှာ သူတို့နှစ်ယောက်ရှေ့ "တင်"ဟူသောအသံနှင့် ထွက်လာသည်။
[ဖျက်ဆီးခြင်းနဂါး အမှောင်ထုကိုစိန်ခေါ်ပါ]
[ကြီးမြတ်သည့်စွန့်စားသူ၊ ဤတိုက်၏ထိပ်သို့ ရောက်ရှိသည့်အပေါ် ဂုဏ်ယူပါသည်။
စုံစမ်းစစ်ဆေးမှုအရ ဖျက်ဆီးခြင်းနဂါးအမှောင်ထုမှာ ဤကမ္ဘာထဲသို့ဆင်းသက်လာကာ အိပ်စက်ခြင်းတောင်တန်း၏ ပို့ဆောင်ဆက်သွယ်ရေးဗိမာန်မှာ ပွင့်သွားခဲ့သည်။
အမှောင်ထုသွားသည့်နေရာတိုင်း အလင်းတန်းမှာဝါးမျိုခံရကာ ကျိန်စာများမှာရွာကျလာလိမ့်မည်။ ၎င်းသည်ကမ္ဘာထဲတွင် သက်ရှိများအားလုံးဆီသို့ ဘေးဥပဒ်ဖြစ်ကာ ၎င်းသည်လည်း သေခြင်းနတ်ဘုရားကြောက်သော တစ်ဦးတည်းသောသတ္တဝါဖြစ်သည်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...