Part 36.1

173 18 0
                                    


Chapter 36: နဂါးအကြေးခွံ

နေ့လယ်ပိုင်းတွင်ရဲများသည် ရှန့်ကွမ်းခရိုင်ထဲမှအမှိုက်ကျင်းထဲ ဒုတိယသားကောင်ကိုတွေ့ခဲ့ကြသည်။

လုရှောင်ဟယ်သည် ထိန်းချုပ်ကိရိယာရှေ့တွင် ကြောင်တောင်တောင်လှဲနေကာ သူမလက်ထဲတွင် <ရှင်ပြန်ထမြောက်ခြင်းဒဏ္ဍာရီ>၏ ဂိမ်းအဖုံးကိုစိုက်ကြည့်လိုက်သည်။

လူသတ်ခြင်းမြင်ကွင်း၏ ဓာတ်ပုံအတန်းလိုက်မှာ ဖန်သားပြင်ကြီးပေါ်တွင် အတန်းလိုက်ပေါ်လာသည်။ သေဆုံးသွားသူ၏သေဆုံးမှုမှာ ဝူထောင်နှင့်အတိအကျတူကာ သွေးစွန်းနေသည့် နုပ်နုပ်စဉ်းထားသောအသား၏ထိပ်ပေါ်မှ နှင်းကဲ့သို့ဖြူသောဦးခေါင်းခွံမှာ သိသိသာသာထင်ရှားသည်။

ကွာခြားမှုမှာဤတစ်ကြိမ်တွင် သေဆုံးသွားသူ၏အနီးအနားမှ "ပြုတ်ကျလာသောပစ္စည်းများ"မှာ ပစ္စည်းနှစ်ခုမှာပျောက်ကွယ်နေသောကြောင့် စက်ဝိုင်းပုံစံထဲမရှိပေ။

"မာကျင်းရွှိုက်၊ အသက်၃၂နှစ်၊ ဟိုက်ကူဇာတိပဲ။ ဒီလူကအလုပ်မရှိဘဲ မူးယစ်ဆေးသုံးတဲ့ရာဇဝင်ရှိတယ်။ ရဲပြောတဲ့ပုံအရဆို သူမကြာသေးခင်က မူးယစ်ဆေးပမာဏနည်းနည်းကို စသုံးခဲ့တာပဲ"

လုရှောင်ဟယ်သည် ဂိမ်းအဖုံးကိုဖယ်ထားကာ နာကျင်မှုနှင့်စိတ်ရှုပ်ခြင်းအသံတို့ဖြင့် ပြောလိုက်သည်။

"မူး‌ယစ်ဆေးဌာနက သူ့ကိုအချိန်တစ်ခုကြာ မျက်စိ‌ကျနေပြီး အရင်ကတည်းက သူ့အကြောင်းအချက်အလက်ရထားတယ်။ မာကျင်းရွှိုက်က သူ့ရဲ့ခေါင်းဆောင်ကို ဆက်သွယ်တော့မှာဖြစ်ပြီး ရဲတွေကအရင်ကတည်းက သူတို့အားလုံးကို ဖမ်းဖို့စီစဉ်ထားတာပဲ"

ရလဒ်အနေဖြင့် အလောင်းခွဲသူကရှေ့သို့တိုးလာပြီး ယခုသူတို့၏ခြေရာခံခြင်းမှာ ပျက်စီးသွားသည်။

"အလောင်းခွဲသူရှာတွေ့ခဲ့တဲ့ နောက်ဆုံးအကြိမ်က ဇူလိုင်၁၃ပဲ။ ဒီနေ့ကဇူလိုင်၂၁လေ။ အလောင်းခွဲတဲ့သူက အမြတ်ရရင်တော့ သူကဟိုကုသမိုင်းကြောင်းမှာ တတိယမြောက်အခန်းဆက်လူသတ်သမား ဖြစ်လာလိမ့်မယ်"

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now