Part 23.1

671 78 1
                                    


အခန်း(၂၃) : ရှီးရန်ရဲ့ နတ်ဆိုး

ကိစ္စတွေပြီးတော့ သူတို့ နှစ်ယောက်ကို ထိန်းသိမ်းကြပ်မတ်လိုက်ကြတယ်။

ရှီးရန်က သူတို့ရဲ့ ပထမလ လစာကို နုတ်လိုက်ပြီးတော့ သူတို့ကို အပြစ်ပေးတာကို ကုမ္ပဏီအတွင်း လူသိရှင်ကြား ကြေငြာတယ်။ ရှီးရန်ရဲ့ ရက်ရောတဲ့ လစာကို ကြည့်လိုက်မယ်ဆိုရင် ဒီအပြစ်ပေးမှုက ပေါ့သေးသေးတော့ မဟုတ်။

ကုမ္ပဏီတွင်း လူသိရှင်ကြား ကြေငြာလိုက်တာက ခေါင်းမာတဲ့ သူတို့နှစ်ယောက်အတွက်တော့ ဘာမှ ထူးခြားသွားတာမရှိခဲ့။

ရှီးရန်မှာ ရှင်းလင်းပြတ်သားတဲ့ ဆုပေး ဒဏ်ပေးစနစ်တွေ ရှိတယ်။ သူတို့ နှစ်ယောက်က ကောင်းမုန့်ယွီကို ကယ်ခဲ့တာကြောင့် သူတို့နှစ်ယောက်ကို ပုံမှန်ဝန်ထမ်းအဖြစ် လုပ်ရမယ့်အချိန်ထက်‌ စောပြီး ခန့်ခဲ့တယ်။

အဲ့ဒီဖြစ်ရပ်နောက်ပိုင်း သူတို့နှစ်ယောက်က အဆောက်အအုံဝိုင်းသေးသေးလေးတစ်ခုရဲ့ သီးသန့်နေရာကို ခေါ်သွားခံရပြီးတော့ ငါးရက်လောက် နေလိုက်ရတယ်။ သူတို့ကို စိတ်ပိုင်းဇီဝကမ္မပိုင်းဆိုင်ရာ ပြဿနာတွေ မရှိတော့ဘူးဆိုမှ သီးခြားနေထိုင်ရာကနေ လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

ရှီးရန်ကို ပြန်ခွင့်ရတာက ယင်းရန်ကို သိပ်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေစေခဲ့တယ်။ ဒီမတိုင်ခင် သူက အစီရင်ခံစာရေးနည်းစာအုပ်ကို ကပြာကယာရှာလိုက်ပြီးတော့ သူ့ရဲ့ အစီရင်ခံစာ အတွက်တောင် ပြင်ဆင်ခဲ့သေးတယ်။ အခုလောလောဆယ်တော့ အဲ့ဒီကပ်ဆိုးထဲကနေ လွတ်မြောက်လာခဲ့ပြီ။

တစ္ဆေဘုရင်အရှင်သခင်ကြီးက အစားအသောက်ကို သီးသန့်ခန်းထဲ ရုပ်ရှင်တွေကြည့်ရင်း ဗိုက်ကားအောင် စားခဲ့တယ်။ စုံစမ်းစစ်ဆေးရေးကာလပြီးလို့ ဝန်ထမ်းတွေ သူ့ကို အခန်းထဲကနေ ကြိုးကြိုးစားစားနဲ့ ထုတ်ခဲ့ရသေးတယ်။

မိနစ်ပိုင်းအတွင်းပဲ ဖန်းယွမ်ယွမ်ဆီက အပြောင်းအရွှေ့စာ ယင်းရန်ဆီရောက်လာတယ်။

ယင်းရန် အစည်းအဝေးခန်းထဲကို ခေါ်သွားခံရတော့လည်း ကျုံးချန်းရှော်ရဲ့ အရိပ်အယောင်တော်င မတွေ့ရဘူး။ ထူးဆန်းနေတယ်။ ရှီးရန်က စိတ်ပြောင်းပြီးတော့ ကျုံးချန်းရှော်ကို အလုပ်ဖြုတ်လိုက်တော့မှာမလို့များလား။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now