Part 1.2
ထိုအခိုက် ယင်းရန်က ရပ်သွားပြီး ပြတင်းပေါက်ကတစ်ဆင့် ပုံမှန်မဟုတ် သည်းထန်နေတဲ့မိုးကို ငေးကြည့်နေတယ်။ လောင်ကျန်းလည်း စိတ်ထင်လို့ပဲလားတော့ မသိဘူး... နီမြန်းနေတဲ့ လျှပ်စီးသွားတွေ မကြာခဏလင်းလက်နေသလိုပဲ။ မည်းမှောင်နေတဲ့ တိမ်တိုက်တွေက လောင်ကျွမ်းထားတဲ့ အသားအရည်တွေလို ဖြစ်နေပြီး အမှောင်ထုဟာ အနီရောင်တွေနဲ့ ရွှဲရွှဲစိုနေတယ်။
အကြည့်တွေပြန်ရုတ်သိမ်းလိုက်တဲ့ ယင်းရန်ရဲ့မျက်နှာမှာ ခါးသီးမှုတွေအပြည့်။
"ကြည့်လေ သူတို့အားလုံး ကျွန်တော့်ကိုဖမ်းပြီး အကျဥ်းချချင်နေတာ"
ဒီကလေးရဲ့ရောဂါက သူ့ကိုယ်သူ အသတ်ခံရတော့မယ်လို့ ထင်နေတာမျိူးဖြစ်မယ်။ လောင်ကျန်းသိနေတယ်။
'ကြည့်လေ'ဆိုတဲ့စကားက သူ့ကိုရည်စူးပြီးပြောတာလား ဝေခွဲမရတာကြောင့် လောင်ကျန်းက ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်ပြီး သဘောတူချင်ယောင် ဆောင်လိုက်တယ်။
"ဟုတ်ပါ့..ငါဒီကိုရောက်တာဖြင့် ဆယ်စုနှစ်တွေမနည်းကြာနေပြီ... ဒီလိုရာသီဥတုမျိူး တစ်ခါမှမမြင်ဖူးဘူး... ရက်စက်လွန်းပါပေ့... မဟာမိစ္ဆာတစ်ကောင် မွေးလာတာပဲဖြစ်ရမယ်"
လောင်ကျန်းဟာ ပါးစပ်ထဲရှိရာတွေပြောရင်း ယင်းရန်ရဲ့တုံ့ပြန်ပုံကို အရိပ်အချည်ကြည့်နေတယ်။ တမင်ရည်ရွယ်တာလားတော့ သူ မပြောတတ်... ယင်းရန်က ပထမဆုံးအကြိမ်အဖြစ် သူ့အကြည့်ကို ရှောင်နေသလိုပဲ။
တတိယထပ်ကိုဆင်းနေရင်း ရုတ်တရက် ယင်းရန်က ပြောလာတယ်။
"ဦးကြီး..ဒီနေ့ခေတ် *ရုပ်လွန်ကမ္ဘာမှာ ဘာတွေဖြစ်ပျက်နေတာလဲ ကျွန်တော် ရက်၄၀ကျော်လောက် နေ့တိုင်းသတင်းနားထောင်နေတာ..ဘာမှလည်းမကြားမိဘူး"
(*လူသားတွေနားလည်နိုင်စွမ်းကို ကျော်လွန်နေတဲ့ တရားသဘောတွေပါ)
"ဟင် သြော်..ဒီမသေမျိူးကြီးက အဲ့ဒီလိုကိစ္စတွေမှာ ဝင်မပါတော့ မသိဘူး"
လောင်ကျန်းက ခြေလှမ်းတွေကို ရပ်လိုက်ပြီး ဘေးဘယ်ညာကြည့်နေရင်း...
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...