Part 7.2
တံဆိပ်ရဲ့လိုင်းတွေက အနက်ရောင်ဖြစ်ပြီး ပုံသဏ္ဍာန်က ဖန်းယွမ်ယွမ်ရဲ့အလုပ်သမားကဒ်ပေါ်က ပုံသဏ္ဍာန်နဲ့တူတယ်။
"ဖောင်ကိုပြန်ယူသွားပြီး အခန်းပြင်ရောက်ရင် ညာဘက်ကွေ့လိုက်ပါ... နောက်စာမေးပွဲတွေက အစဥ်လိုက်မဟုတ်ဘူး.. ညနေ၅နာရီမထိုးခင်သာ ပြီးအောင်ဖြေပါ"
အမျိူးသမီးဝန်ထမ်းက ယင်းရန်ကို ခေါင်းညိတ်ပြပြီး..
"သွားလို့ရပြီ... နောက်တစ်ယောက်လွှတ်လိုက်ပါ"
ယင်းရန်ပြန်ထွက်လာတော့ ကျူံးချန်းရှော်ကိုတွေ့တယ်။
ယင်းရန်တစ်ယောက် ဘေးမသီရန်မခတာကိုမြင်မှပဲ ကျန်တဲ့သူတွေလည်း အသီးသီး စိတ်အေးသွားကြလေရဲ့။ မစ္စတာကျူံးတစ်ယောက်ပဲ ဟင်းလင်းပြင်တစ်နေရာကို ငေးစိုက်ကြည့်ရင်း အတွေးများနေပုံပေါ်တယ်။
ယင်းရန်က ကျူံးချန်းရှော်ပခုံးကို ပုတ်လိုက်ပြီး...
"ကျူံးကော.. မင်းအလှည့်"
ကျူံးချန်းရှော်ကြည့်ရတာ မတ်တပ်အိပ်ပျော်နေတဲ့ပုံ။ ခဏကြာမှ သူ လူနဲ့စိတ်နဲ့ပြန်ကပ်သွားပြီး ရှုပ်ထွေးစွာနဲ့ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း တီးတိုးရေရွတ်လေတယ်။
"ကျေးဇူး"
ယင်းရန်ဟာ ကျန်တဲ့လူတွေကိုပြုံးပြပြီးနောက် စာမေးပွဲဖောင်ကို မြဲမြံစွာကိုင်ရင်း အမည်းရောင်ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်တယ်။ အခု သူ့ကိုစောင့်ကြည့်နေတဲ့သူတွေရှိတာ သေချာနေပြီ.. ဒါကြောင့် သူ လူပီသအောင်နေရမယ်–အခုလို ထူးဆန်းပြီးမှုန်မှိုင်းနေတဲ့နေရာမျိူးမှာ သာမန်လူဆိုရင် လုံးဝ တစ်ယောက်တည်းသွားမှာမဟုတ်ဘူး။
နောက်ပြီး ဒီမှာဆက်ထိုင်နေရင် ချောင်းနားထောင်လို့ရလိမ့်မယ်။
ကံဆိုးချင်တော့ အမှန်တရားက သူထင်ထားသလို မဖြောင့်ဖြူးရှာဘူး။ တံခါးတစ်ဖက်ခြမ်းကို ရေအောက်မြုပ်နေသလို တိတ်ဆိတ်သွားအောင်လုပ်ထားတဲ့ မှော်အတတ်မျိူး တံခါးချပ်ကြီးပေါ်မှာ သေချာပေါက်ရှိနေတယ်။ တံခါးချပ်ကြီး မြန်မြန်ပိတ်သွားတော့ ကျူံးချန်းရှော်ရဲ့ခြေသံတွေရော၊ မိစ္ဆာချီတွေပါ စုန်းစုန်းမြုပ်ပျောက်ကွယ်သွားတယ်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...