Part 27.1

500 62 0
                                    



Chapter 27: မှုခင်းကိစ္စ

မဟုတ်ဘူး။

ယင်းရန်ကစိတ်လှုပ်ရှားနေသောအကြည့်နှင့် အမှိုက်ပုံရှေ့တွင် ရပ်နေဆဲဖြစ်သည်။

သူနှင့်သက်ရောက်မှုရှိသော ဝိညာဉ်လက်နက်မှာ စင်ပေါ်တွင်ပင်မဟုတ်ဘဲ အမှိုက်နှင့်တူသည့်အပုံထဲဖြစ်သည်။ ဤကိစ္စမျိုးမှာ သရဲဘုရင်အရှင်အား လွန်စွာမပျော်‌ရွှင်စေပေ။ တစ်ချိန်တည်းတွင်သူသည်လည်း အနည်းငယ်နိုးနိုးကြားကြားဖြစ်နေသည်။ ဤအရာသည်သူ့အား မည်သို့ရိပ်မိသနည်း။

"ဘယ်လိုထင်ကြလဲ"

ရှန်းကျန်းကသူ့နောက်တွင် ရုတ်တရက်ပေါ်ထွက်လာပြီး အသံတိုးတိုးပြောလိုက်သည်။

"ရှန်မှာစာရင်းသွင်းထားတဲ့ဝိညာဉ်လက်နက်က အနက်ရောင်တံဆိပ်ရဲ့လက္ခဏာ ရောင်ပြန်ဟပ်တယ်ဆိုတဲ့ဆိုရိုးစကားရှိတယ်"

ရှန်းကျန်းသည် ယင်းရန်ထက်အရပ်ပိုရှည်သော ၁.၉မီတာရှည်သည်။ ယင်းရန်ကနောက်လှည့်မကြည့်သလို သူ့ရှေ့တွင်အသံကျယ်ကျယ်မြည်နေသည့်အရာဆီသို့ ဂရုမစိုက်ပေ။ သူသည်ရှန်းကျန်းဆီသို့အေးဆေးပြန်ပြောကာ မတ်တပ်ရပ်နေဆဲဖြစ်သည်။ "စီနီယာရှန်း၊ စာရင်းသွင်းထားတဲ့ ဝိညာဉ်လက်နက်ကဘာလဲ"

"ဘယ်တော့မှမတုံးသွားမယ့် ဓားမြှောင်တစ်ခု" ရှန်းကျန်းကဖြေလိုက်သည်။

ယင်းရန်: "....."အာ ဒါကမနာလိုမှုအရသာလား"

အမှိုက်များအောက် အရူးအမူးမြည်နေသောအရာမှာ ဘာဖြစ်ကြောင်းသူမသိ‌သော်လည်း ဆဲလ်ဖုန်းကဲ့သို့အသံမြည်နေသည်။ သို့သော်၎င်းမှာ နှိုးစက်နာရီသို့မဟုတ် ဈေးပေါသောကလေးများ၏ အရုပ်သာဖြစ်ပါက ဤ‌နှစ်ထောင်ပေါင်းများစွာအသက်ရှိသည့် သရဲဘုရင်ကသူ့မျက်နှာကို မည်သို့ထိန်းသိမ်းလိမ့်မည်ကို သိလိမ့်မည်မဟုတ်ပေ။

"ဒါကအသံဖွင့်ထားတာဖြစ်နိုင်လား"လျင်မြန်‌သောမြည်သံကြား ယင်းရန်သည်ဆင်ခြေပေးရန် အနည်းငယ်ခေတ်မီ‌သောဗဟုသုတကို ညှစ်ထုတ်ရန်ကြိုးစားသည်။

ရှန်းကျန်းကသူ့ကိုလျစ်လျူရှုပြီး အမြန်အမိန့်ပေးလိုက်သည်။ "မင်းရဲ့ဝိညာဉ်လက်နက်ကို မြန်မြန်လာယူပြီး တခြားသူတွေရဲ့အချိန်ကို ဖြုန်းတာရပ်တော့"

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now