Part 6.1
အခန်း (၆)
အလုပ်အကိုင်အခွင့်အလမ်း
ယင်းရန်အတွက် ပြီးခဲ့တဲ့နေ့တစ်ဝက်က လွန်ခဲ့တဲ့နှစ်တစ်ထောင် အားလုံးပေါင်းထက်တောင် ပိုစိတ်လှုပ်ရှားဖို့ ကောင်းနေသေးတယ်။
မနေ့ညက မိုးစဲသွားတော့ ယင်းရန် ကားပြတင်းပေါက်ကတစ်ဆင့် ကြယ်တွေကို ငေးမျှော်ကြည့်မိတယ်။ အချုပ်အနှောင်စည်းအောက်မှာ သူ နှစ်ပေါင်း (၁၀၄၀) တိတိ အိပ်ပျော်နေခဲ့တာ။ လာမယ့် အသက်(၁၄၀၀)ပြည့်မွေးနေ့ကတော့ အောင်ပွဲခံဖို့တောင်ကောင်းတယ်။
နှစ်ပေါင်ထောင်သောင်းချီ ကျော်လွန်လာပြီမို့ လောကကြီးရဲ့ဘဝကံကြမ္မာတွေလည်း ပြောင်းလဲခဲ့ပြီ။
မျက်မှောက်ခေတ်ရုပ်လွန်ကမ္ဘာက လူတွေဟာလည်း အလွန်အမင်း သတိကြီးလာကြတယ်။ ယင်းရန် သူ့ကိုယ်သူ သေချာဖုံးဖိထားနိုင်တယ်လို့ သေချာနေခဲ့ပေမယ့် သူ အချုပ်အနှောင်စည်းကို ချိူးဖျက်လိုက်ကတည်းက ၁၀မိုင်ပတ်လည်မှာရှိတဲ့ မန္တန်ထောင်ပေါင်းများစွာ အသက်ဝင်လာပြီး ပိုဝေးတဲ့နေရာတွေမှာပါ အင်းကွက်တွေရှိနေတယ်။ မရေမတွက်နိုင်တဲ့ အတားအဆီးပေါင်းများစွာက အလွှာတစ်ထောင်ကြာပွင့်သဖွယ် ဟိုက်ကူမြို့ငယ်လေးကို လွှမ်းခြုံထားတယ်။
ကံဆိုးစွာနဲ့ပဲ.. လွတ်လာတဲ့မိစ္ဆာဝိညာဉ်ကြီးက သူ့ကိုလိုက်ဖမ်းနေတဲ့ အဖွဲ့အစည်းပိုင် ခြံဝန်းထဲမှာ နေပူစာလှုံနေလိမ့်မယ်လို့တော့ ဘယ်သူမှမတွေးမိကြ။
ရှီအန်းအဖွဲ့ပိုင် ပန်းခြံထဲမှာ အလှရေကန်တစ်ခုရှိတယ်။ ရေပန်းက ရေတွေ ဆက်တိုက်ဖျာထွက်နေပြီး ရေကန်တစ်ဝိုက်မှာ သာယာတဲ့အအေးဆိုင်လေးတစ်ခု ဖွင့်ထားတယ်။ ကောင်းကင်ကြီးက ကြည်သာပြီး ပြာလဲ့နေတာမို့ နေကာထီးလေးတွေရဲ့ အကြည်ရောင်ထောင့်စွန်းတွေကတစ်ဆင့် နေရောင်ခြည်ဟာ ဖျာကျနေလေရဲ့။
ယင်းရန်တစ်ယောက် ထီးရိပ်အောက်မှာ အေးအေးလူလူထိုင်နေရင်း အအေးထဲကို ပူဒီနာရွက်ချေထည့်နေတယ်။
ထမင်းစားပြီးလို့မှမကြာသေးခင် ဝန်ထမ်းတစ်ယောက်လာခေါ်လို့ သူတို့ဒီကိုရောက်နေတာ။ သူ ဘာရယ်မဟုတ် ဘယ်ရီဆိုဒါနဲ့ ရေခဲမုန့်မှာလိုက်ပေမယ့် အခုတော့ ဒီအရသာအသစ်ရဲ့ သက်ရောက်မှုအောက်မှာ သူနစ်မြုပ်နေရပြီ။ ယင်းရန်က 'ငါအရမ်းအရမ်း စိတ်ကောင်းဝင်နေတယ်'ဆိုတဲ့ဒီဇိုင်းနဲ့ ခေါင်းအစခြေအဆုံး အကြောဆန့်လိုက်တယ်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...