Part 9.1
အခန်း (၉)
ဝင်ခွင့်အောင်ခြင်း
သောကစမ်းသပ်ခန်တံခါးက တင်းတင်းကြပ်ကြပ်ပိတ်နေပြီး သူတို့ကို အထဲဝင်လာဖို့ ဘယ်သူကမှ မတိုက်တွန်း။
ဒါကြောင့် သူတို့၃ဦး ချက်ချင်းဝင်မသွားသေးဘဲ ဦးထုပ်နီက အိတ်ထဲမှာပါလာတဲ့ wet tissueနဲ့ အနာကပ်ဆေးပလာစတာထုတ်ပြီး သူမဒဏ်ရာတွေကို သေချာကုသနေတယ်။ ကုတ်အပြာကလည်း အားကစားသမားတွေ သောက်တဲ့ အချိူရည်နှစ်ဘူးထုတ်ယူပြီး လက်ဗလာနဲ့ယင်းရန်ကို တစ်ဘူးကမ်းပေးတယ်။
"သောက်လိုက်.. နေလို့ကောင်းသွားလိမ့်မယ်"
ကုတ်အပြာက နှစ်ငုံသောက်ပြီး စင်္ကြံလမ်းအစွန်မှာ ထိုင်ချလိုက်တယ်။
"အချိန်တွေပေါတာပဲ... ခဏလောက်နားကြတာပေါ့"
ယင်းရန်က အအေးဘူးကို လက်နှစ်ဖက်နဲ့ယူပြီး ကုတ်အပြာလုပ်သလို အဖုံးကိုလှည့်ဖွင့်ကာ တစ်ငုံသောက်လိုက်တယ်။
လတ်ဆတ်ပြီးချိုမြနေလို့ သူအရမ်းကြိုက်မိတယ်။
"မင်း တော်တော် စိတ်ဓာတ်မာတယ်ပြောရမယ်.. အနိဋ္ဌာရုံတွေမြင်တာတောင် လန့်မသွားဘူး... ငါတို့ အရင်တစ်ခေါက် လာဖြေတုန်းကဆို ကောင်လေးတစ်ယောက် တစ်ခါတည်း သတိလစ်သွားတာ"
ကုတ်အပြာက သက်ပြင်းချပြီး မျက်နှာကျက်ကိုကြည့်လိုက်တယ်။
"ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးပေါ့"
"ဒုတိယအကြိမ်လေ"
ကုတ်အပြာက ဆက်ပြောတယ်။
"ဟိုကောင်မလေးက ငါ့ဝမ်းကွဲ.. ငါတို့မိသားစုက ခပ်သေးသေးပဲ.. အင်းး မျိူးနွယ်စုပေါ့ ပြောရရင်.. တကယ့်သေးသေးလေး... နောက်ပြီး ငါတို့က စာမလိုက်နိုင်ဘူး.. ဒါပေမယ့် တခြားအရည်အချင်း နည်းနည်းရှိတယ်... အဲ့ဒါကြောင့် ဒီကို ကံစမ်းဖို့လာတာ"
ယင်းရန် သူ့ဘေးမှာထိုင်ချလိုက်ပြီး..
"အရင်တစ်ခေါက်တုန်းက အစ်ကိုတို့..."
"ငါ သောကစစ်တာ မအောင်ဘူး"
ကုတ်အပြာက တည်ငြိမ်စွာနဲ့..
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...