Part 16.1

912 133 1
                                    

Part.16

16 01

အခန်း (၁၆)

ပြီးပြည့်စုံသောအကြံအစည်

"တကယ်တော့ မုန်ယွီနဲ့ကျွန်မ သိပ်မခင်ဘူး"

လင်းပေ့ဟာ မနက်ကလို အားနည်းကြောက်ရွံနေတဲ့ပုံစံနဲ့ မဟုတ်တော့ဘဲ မျက်လုံးတွေကြည်လင်ပြီး မျက်ခုံးနဲ့​နဖူးမှာပါ မန်နေဂျာတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းတွေကိုမြင်နိုင်နေတယ်။

"ကျွန်မ ရှင်တို့နဲ့တွေ့ချင်ခဲ့တဲ့ အကြောင်းအရင်းက..ပထမတစ်ချက်—ကျွန်မအခြေအနေရယ်..သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပတ်သက်လာရင် ရှီအန်းက သတင်းမွှေးတာရယ်ကြောင့်...ဒုတိယတစ်ချက်ကျတော့—ဒီရက်ပိုင်းထဲ ကျွန်မနောက်ကို လူတစ်ယောက်လိုက်နေတာ သတိထားမိပေမယ့် ရဲတွေကိုဆက်သွယ်လိုက်တာနဲ့ ချက်ချင်း အဲ့ဒီလူပေါ်မလာတော့လို့"

"ကျွန်မ တကယ် ကြံရာမရတာနဲ့ သူ့ကိုမျှားဖို့ ရှင်တို့နှစ်ယောက်ကို အသုံးချခဲ့မိတယ်...သူ အခုလို ဓားနဲ့တကယ်ထိုးလိမ့်မယ်လို့ လုံးဝထင်မထားဘူး... အနူးအညွတ် တောင်းပန်ပါတယ်ရှင်"

သူမက ပြောရင်းဆိုရင်း ဦးညွှတ်ပြီး စံချိန်စံနှုန်းမှီ တောင်းပန်တိုလျှိူး​နေတဲ့ ကိုယ်ဟန်ယူလိုက်တယ်။

"ရှင်တို့နှစ်ယောက်ကို အလျော်ပေးတဲ့အနေနဲ့—ဒါ ကိုနှင်းဆီရဲ့အချက်အလက်အကုန်ပဲ..သူများကို စာရင်းလုပ်ခိုင်းထားတာ..နောက်ပြီး ကျွန်မတတ်စွမ်းသမျှ ပူးပေါင်းပါဝင်ပြီးတော့ ရှင်တို့ကိုကူညီပေးဖို့ စဥ်းစားထားတယ်"

နောက်ဆုံးတော့လည်း သူမဆိုတာ ဟာကွက်မရှိအောင် ထောင့်စေ့တဲ့ စီးပွားရေးသမားတစ်ယောက်ပါပဲ။

သူမပြောတဲ့တောင်းပန်စကားတွေကို အဓိကလက်ခံရမယ့်သူ–ကျူံးချန်းရှော်ကတော့ အချက်အလက်တွေကိုသာ ပိုစိတ်ဝင်စားနေလေရဲ့။

"ရပါတယ်"

နောက်တော့ သူ လင်းပေ့ဖုန်းကို စူးစူးစိုက်စိုက်ကြည့်နေတယ်...မသိရင် အကြည့်နဲ့ အချက်အလက်​တွေတူးထုတ်ဖို့ ရည်ရွယ်ထားတဲ့အလား။

လင်းပေ့ ခဏတော့ စောင့်နေပါသေးတယ်...ကျူံးချန်းရှော်များ တစ်ခုခုပြောဦးမလားလို့။ သို့ပေမယ့် တစ်ဖက်လူက ဘာမှဆက်ပြောဖို့ အစီအစဥ်မရှိတာမြင်တော့ သူမ အားမလိုအားမရပြုံးမိသွားပြီး မတ်မတ်ထိုင်လိုက်တယ်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now