အခန်း (၂၁) - အသိစိတ်အဆိပ်အတောက်
တစ်နာရီခွဲလောက်ကြာပြီးနောက် ဘူဖေးအသားကင်ဆိုင်တွင်...
လျန်းရှန်က "ကောင်းပြီလေ၊ ငါတော့ အခုအခြေအနေကို နည်းနည်းသဘောပေါက်လာပြီ ထင်တယ်" ဆိုပြီးတော့ ညည်းညူလိုက်တယ်။ "မင်းက အခု အနီးအနားက အသားကင်ဆိုင်ကို ရောက်နေတာမဟုတ်လား?။ ပြည့်သူလုံခြုံရေး ဗဟိုဌာနကို တိုက်ရိုက်ပို့လိုက်တော့ပေါ့။ ဘာမှ သိပ်မျှော်လင့်လို့ မရပေမယ့်လည်း ငါ ချက်ချင်း သတင်းပို့ပေးမယ်လေ"
ကျုံးချန်းရှော်ရဲ့ ဖုန်းက စပီကာဖွင့်ထားတာမလို့ တစ်ဖက်က ငြီးနေတဲ့ အသံကို အတိုင်းသား ကြားနေရတယ်။
"ကောင်းမုန့်ယွီက ပျောက်နေတာ တစ်ပတ်လောက် ရှိနေပြီ။ ရေသန့်တွေ အထောက်အပံ့တွေလည်း ရှိမှာမဟုတ်တော့ ဒုက္ခရောက်နေလောက်ပြီ။ မကောင်းတဲ့အရာတွေက 'သေခြင်းတရား'ဆိုတဲ့ နိယာမကိုသာ နားလည်ဖို့ ခက်ကြတာ 'ကြောက်စိတ်'နဲ့ 'ရန်လိုစိတ်'လိုမျိုး ခံစားချက်တွေကို အာရုံခံနိုင်ကြတယ်ကွ။ အဲ့ဒီ အမည်ဖော်မရတဲ့ မကောင်းဆိုဝါးလို ဟာတွေက ကောင်းမုန့်ယွီကို တကယ် ကာကွယ်ပေးချင်စိတ်ရှိတယ် ဆိုရင်တောင် သူ့ခန္ဓာကိုယ်ကို စောင့်ရှောက်ပေးနေတာကို အဲ့အတွက်ပဲလို့ ယူဆနိုင်တယ်"
ကျုံးချန်းရှော်ကတော့ နှုတ်ဆိတ်နေခဲ့တယ်။
"ရှောင်းယင်ကတော့ အဆင်ပြေဖို့လိုတယ်။ ရှောင်းကျုံ မင်း နားလည်တယ်မလား?"
"နားလည်ပါတယ်"
ကျုံးချန်းရှော်ရဲ့ အဖြေက သေချာရေရာမှုတွေ အပြည့်နဲ့ပေါ့။ လျန်းရှန် နည်းနည်းတောင် အံ့သြသွားတယ်။ သူ ဘာမှ ဆက်မပြောဘဲ ခဏရပ်နေလိုက်တယ်။
"မနေ့ညက ဖန်းဟွအိမ်ရာမှာ မတော်တဆမှု တစ်ခု ဖြစ်တယ်။ အဲ့ဒီ မကောင်းတဲ့ အရာက တော်တော့်ကို ရင်ဆိုင်ဖို့ ခက်ခဲတာ။ ပတ်ဝန်းကျင်က လူတွေ အန္တရာယ်ကင်းဖို့ ရှီးရန်က 'ခွဲခြားတာမျိုးမလုပ်ဘဲ သုတ်သင်ရှင်းလင်းတာ'ကို လုပ်မယ်နဲ့တူတယ်။ "
ယင်းရန်က ပိုနီးနီးလေး ကပ်လိုက်ပြီးတော့ "မနေ့ညက ဖန်းဟွမှာ ဘာဖြစ်သွားတာလဲ" လို့ မေးလိုက်တယ်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...