အခန်း (၂၄) : သူ့ရဲ့ မိဘတွေ
ဖုရှင်းချွမ် ရုံးကနေ ပြန်လာတော့ တစ်ကိုယ်လုံး မလှုပ်ချင်လောက်အောင် ပင်ပန်းနေတာကြောင့် ဆိုဖာပေါ်ကို မျက်နှာမူပြီးပဲ မှောက်လျက် လှဲချပစ်လိုက်တယ်။
"မကောင်းဆိုးဝါးကို ခြေရာခံတာ ရပ်ထားတယ်?" ဆေးလိပ်မီးခိုးနံ့ရနေတာကြောင့် ပါမောက္ခလိ ပြူတင်းပေါက်ကို ဖွင့်လိုက်တယ်။
"ကောင်းပြီ... တစ်ပတ်တောင်ရှိပြီပဲ။ ငါတို့ အဲ့ဒီအရာနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရသေးတာ။ ငါတို့ ဆက်ပြီးတော့ ထောက်လှမ်းစုံစမ်းနေဖို့တော့ လိုအပ်သေးတယ်ဆိုပေမယ့် လူအင်အားကိုတော့ လျော့ပစ်တော့မယ်" ဖုရှင်းချွမ် သူ့ခေါင်းတွေကို ခက်ခက်ခဲခဲနဲ့ ခါလိုက်တယ်။ "အယ်.... ခင်ဗျားရဲ့ မျက်နှာပြင်က ..."
ဝန်ကြီးဖုရဲ့ မျက်လုံးတွေက အကောင်းကြီးတွေပါ။ ပါမောက္ခလိရဲ့ ဖုန်းမျက်နှာပြင်ပေါ်က "ဟိုက်ဂုတွင် သေဆုံးသွားသော ကြိုးတိုက်အကျဥ်းသားများ စာရင်း"ဆိုတာကို သူ ဖတ်နိုင်နေတာပဲ။
စာမျက်နှာက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဓာတ်ပုံနေရာမှာ ရပ်တန့်သွားတယ်။ သူတို့က တည်ကြည်တဲ့ အသွင်အပြင်နဲ့ နှစ်ယောက်လုံးက အသက်(၃၀)အောက်။ တခြား အကျဥ်းသားတွေရဲ့ လေးလေးပင်ပင်နဲ့ ရက်စက်ယုတ်မာတဲ့ ပုံပန်းသွင်ပြင်တွေနဲ့ ယှဥ်ရင် သူတို့ နှစ်ယောက်ပုံက နူးနူးညံ့ညံ့နဲ့ ပေါ့ပေါ့ပါးပါး ပြုံးနေကြတာမလို့ တော်တော်လေးကို စိတ်လက်သက်သာနေပုံရတယ်။
"ဟ... ရုတ်တရက်ကြီး ဘာလို့ ဒါကို တွေးမိသွားရတာလဲ? လူသစ်ရဲ့ အိမ်ထောင်စုမှတ်ပုံတင်စာရင်းကို စစ်ကြည့်ကြရင်ကော?"
"ငါ ဖိုင်ထဲက အချက်အလက်တွေကို ဒီတိုင်း ကြည့်တာပါ။ တိတိကျကျပြောရမယ်ဆိုရင် ကျုံးချန်းရှော်ပြောတာက အဲ့ဒါက သူတို့ရဲ့ အိမ်ထောင်စုမှတ်ပုံတင်စာရင်းထဲ မရှိဘူးတဲ့" ပါမောက္ခလိ မှတ်တမ်းမော်ကွန်းတွေကို ပိတ်လိုက်တယ်။ "သူ့ရဲ့ မွေးမိဘရင်းတွေကို သူ့ရဲ့ မွေးစားမိဘတွေက ဖမ်းခဲ့တာ။ ငါလည်း ကျုံးချန်းရှော် ဘယ်လောက်လောက်သိလဲဆိုတာ မသိဘူး"
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...