Part 12.1
12 01
အခန်း (၁၂)
အမာရွတ်
"ရှင်းပါတယ်..အပြင်ထွက်သွားတဲ့ သဲလွန်စတွေ သက်သေတွေ တစ်ခုမှမရှိတဲ့နောက်တော့ သူ ဒီထဲမှာပဲ ရှိနေသေးလို့ပေါ့"
ယုတ္တိရှိတယ်ထင်ရပေမယ့် တကယ်တမ်းကျ တစ်စက်မှအဓိပ္ပါယ်မရှိတဲ့ ဒီမှတ်ချက်ကြီးကိုကြားလိုက်ရတော့ လျန်ရှန်းတစ်ယောက် ဘာပြန်ပြောရမှန်းကိုမသိ။ တိုက်ခန်းလေးခမျာ တိတ်ဆိတ်သွားလိုက်တာ နဂိုက တဝီဝီပျံနေတဲ့ယင်ကောင်တွေတောင် အသံနည်းနည်းတိုးသွားသလိုလို။
မိနစ်ဝက်လောက်ကြာမှ လျန်ရှန်းစကားပြောနိုင်ရှာတယ်။
"ဒီကိုတန်းလာရတာဆိုတော့ မင်းတို့ညစာမစားရသေးဘူးပေါ့? သွားရအောင်...ငါတို့ကိုယ်က ဒီအနံ့ကြီးပျောက်သွားအောင် ဟော့ပေါ့ဆိုင်ခေါ်သွားပေးမယ်"
ကျူံးချန်းရှော်: "ကျွန်တော်ပြောတာ..."
လျန်ရှန်း: "အစပ်စားနိုင်လား?"
"ကျွန်တော်..."
"အစပ်စားနိုင်ရင် ဒီနားမှာ တော်တော်ကောင်းတဲ့ဆိုင်ရှိတယ်..ငါကျွေးမယ်"
လျန်ရှန်းအဖက်မလုပ်တာမြင်တော့ ကျူံးချန်းရှော်က မျက်လွှာလေးချသွားပြီး စိတ်ထိခိုက်သွားတဲ့ပုံလေး ပေါက်နေတယ်။
ယင်းရန်လည်း တွဲဖက်အသစ်လေးကို ကိုယ်ချင်းစာမိပေမယ့် အခုချိန်မှာ ပိုအရေးကြီးတာတွေ ရှိသေးတယ်မလား...
"ကျွန်တော် အစပ်ကြိုက်တယ်ဗျ"
ယင်းရန် အလေးအနက်ပြောလိုက်ပါသတဲ့။
"အဆင်ပြေတာပေါ့"
အဲ့ဒီနောက် လျန်ရှန်းက ကျူံးချန်းရှော်ကိုကြည့်ပြီး..
"ခုနက ရှောင်ကျူံးပြောလိုက်တဲ့ပြဿနာက ချက်ချင်းအဖြေပေါ်မှာမဟုတ်ဘူး...စားရင်းပြောကြမယ်လေ"
ကျူံးချန်းရှော်: "ဟုတ်ကဲ့...ဒါပေမယ့် ကျွန်တော် အစပ်မကြိုက်ဘူး"
လျန်ရှန်း: "........"
____
ဟော့ပေါ့ဆိုင်က အဆင့်မြင့်တဲ့ အကောင်းစားဆိုင်မျိူးမဟုတ်ဘူး။ ရိုးရိုးရှင်းရှင်းပဲ တန်ဆာဆင်ထားတာမို့ အိမ်လိုခံစားချက်မျိူးပေးစွမ်းတယ်။ သုံးယောက်သားက အနံ့တွေလှိုင်နေတာမို့ လျန်ရှန်းက သီးသန့်အခန်းယူလိုက်တယ်။ သူက ဒီဆိုင်မှာ ဖောက်သည်ဖြစ်နေလို့ထင်ပါရဲ့...ဆိုင်ရှင်က ချက်ချင်း ဟင်းရည်အိုးတွေလာပြင်ပေးပြီး ရေခဲခြစ်သုံးခွက်ပါ လက်ဆောင်ပေးသွားတယ်။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...