အလုပ်ဆင်းချိန်ရောက်သောအခါ ကျုံးချန်းရှော်သည်တကယ်တမ်း အိမ်ပြန်ရန်မစီစဉ်ထားပေ။ သူသည်ယင်းရန်ကိုနှုတ်ဆက်ကာ သူ၏ဂျင်အိတ်ကိုသယ်ပြီး ဂျင်ဆီသို့တည့်တည့်သွားသည်။
ယင်းရန်သည်သူပြောသည့်အတိုင်း ရေခဲမုန့်စားရန်မသွားခဲ့ပေ။
သူသည်ကျုံးချန်းရှော်၏အိမ်သို့ပြန်သွားကာ ပြတင်းပေါက်ကိုဖွင့်ပြီး ကျနေထဲမှစိမ်းလန်းနေသော သစ်ပင်ကိုကြည့်လိုက်သည်။ နွေဦးညလေမှာ အခန်းထဲဖြတ်သွားကာ ယင်းရန်၏ဆံပင်ကိုမှုတ်ပစ်ပြီး ၎င်းအားအနည်းငယ်လှုပ်ခါစေသည်။
နယ်ပယ်ထဲမှမြင်ကွင်းမှာ ရင်းနှီးနေချိန်တွင် ယင်းရန်သည်သူ့အသက်ကိုအောင့်ကာ ၎င်းအားစေ့စေ့စိုက်ကြည့်လိုက်သည်။
"ဘယ်လိုပျံရလဲဆိုတာသင်ဖူးတာလား" ၎င်းအားမိနစ်အနည်းငယ်ကြာကြည့်ပြီးနောက် သူကရုတ်တရက်မေးလိုက်သည်။
ယင်းရန်၏အနောက်တွငိ ဟူထောင်ကရပ်နေသည်။ "ငါဒီမှာရှိတာဘယ်လိုသိလဲ"
"သရဲဆရာရဲ့ အလိုလိုသိစိတ်လေ" ယင်းရန်ကပြတင်းပေါက်အား ဆက်လက်စိုက်ကြည့်ကာ အေးဆေးတုံ့ပြန်လိုက်သည်။
"ငါသင်ဖူးတယ်။ ငါကကိစ္စတွေကို အတော်မြန်မြန်လေ့လာတယ်" ယင်းရန်၏အကြည့်သို့လိုက်ကာ ဟူထောင်သည်လည်းသိချင်စိတ်နှင့် ပြတင်းပေါက်ကိုကြည့်လိုက်သည်။
သို့သော်သူမမှာ ရွှေနီရောင်သစ်ရွက်များက ကျနေကြောင့်ရောင်ပြန်ဟပ်သည်မှလွဲ၍ ဘာမှမရှာနိုင်ပေ။ သူမသည်ဟိုးအရင်က ပြတင်းပေါက်အပြင်ဘက်အားကြည့်ကာ မှတ်ရန်မထိုက်တန်သော တူညီသည့်မြင်ကွင်းကိုမြင်ရသည်ကို ငြီးငွေ့သွားသည်။
ထိုသို့ဆိုလျှင် ဤလူမှာဂိမ်းမကစားဘဲ ယနေ့ဘာမှမစားပေ။ သူမအနည်းငယ်အန္တရာယ်များသည်မှာ အလွန်သာမန်မဟုတ်ပေ။
"ဘာကြည့်နေတာလဲ" ဟူထောင်ကသတိနှင့်မေးသည်။
"အဲ့ကလေးသေတော့မယ်" ယင်းရန်ကပြန်ဖြေသည်။ "စွမ်းအားအချို့က သက်ရှ်ိတွေထိဖို့အတွက်မဟုတ်ဘူး"
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...