Part 16.2
လင်းပေ့က ပြောနေရင်းတန်းလန်း ရပ်သွားတယ်။
ဒီတစ်ခါတော့ ယင်းရန်တစ်ကောင်ပဲ မရှင်းသေးတာ။ ကျူံးချန်းရှော်က မျက်မှောင်ကြုပ်နေပြီ။
လင်းပေ့ယူလာတဲ့စုစည်းမှုထဲမှာ..ထင်ကြေးပေးကြတဲ့သူတွေ ဝိုင်းပြောထားတဲ့စကားတွေလည်း မလွဲမသွေပါနေတယ်။ ဘာလို့ဆို ကိုနှင်းဆီနာမည်ကြီးလာတော့ သဘာဝကျစွာပဲ 'လျှို့ဝှက်ဆန်တဲ့မိန်းကလေး'အကြောင်း ဆွေးနွေးတာတွေလည်း မရပ်ကြတော့ဘူးလေ။ တော်ရုံစိတ်ပျော့တဲ့သူဆိုရင် ဒီလိုရှားပါးတဲ့ယောကျာ်းကောင်းနဲ့ လွဲသွားတာကို နောင်တရလို့ဆုံးမှာမဟုတ်ဘူး။ သို့ပေမယ့် အစွန်းရောက်တဲ့သူဆိုရင်တော့ သေချာပေါက် ဆဲရေးတိုင်းထွာနေမှာ။
သူ အဲ့ဒီအကောင့်ကတစ်ဆင့် ဘယ်လက်နဲ့ငွေရှာပြီး ညာလက်နဲ့ ရည်းစားဟောင်းကို စိတ်ဒုက္ခပေးနိုင်ခဲ့တယ်...တစ်ချက်ခုတ်၊နှစ်ချက်ပြတ်ဆိုတာ ဒါမျိူးမှအစစ်။
လွန်ခဲ့တဲ့၃ပတ်က သူတို့ WeChatမှာပြောထားတဲ့ မရှင်းမလင်း အကြောင်းအရာတွေလည်း အခုတော့ ရှင်းသွားပြီ...
ကောင်းမုန်ယွီသာ ကိုနှင်းဆီဒဏ်ကိုမခံနိုင်တော့လို့ သူမကိုသူမ လူလုံးထွက်ပြလိုက်ရင် ကိုနှင်းဆီအကောင့်တန်ကြေးက ခွေးကျ၊ဝက်ကျ.ကျသွားနိုင်တယ်။ ဆိုပေမယ့် သူ့fanတွေရှေ့မှာ လူလုံးပြမိရင်တော့ သူမကိုစောင့်ကြိုနေမှာက သူမကိုယ်ရေးကိုယ်တာတွေအထိ တိုက်ရိုက် ဆက်နွယ်လာမယ့် အနှောင့်အယှက်တွေနဲ့ ညှင်းပန်းနှိပ်စက်ခံရခြင်းတွေပါပဲ။
တကယ်တမ်းကျတော့ ဟိုက်ကူက ဇီးရွက်လောက်လေးရယ်။
သူမခမျာ ရွေးချယ်စရာမရှိဘဲ တိတ်တိတ်ကလေး စိတ်သောကတွေ ခါးစည်းခံခဲ့ရပုံပေါ်တယ်။
"ကိုနှင်းဆီ ဘယ်သူဘယ်ဝါဆိုတာ စစ်ဆေးဖို့တာဝန်ကိုတော့ ကျွန်တော်တို့အထက်က လူကြီးတွေဆီပဲ အပ်လိုက်ပါ့မယ်"
ကျူံးချန်းရှော်က အလေးအနက် ခေါင်းညိတ်လိုက်ပြီး...
"အခုလို အဖိုးတန်သဲလွန်စတွေ ပေးခဲ့တဲ့မစ်လင်းကို ကျေးဇူးအများကြီးတင်ပါတယ်...ယင်းရန် ငါတို့—"
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...