Part 31.1

285 26 0
                                    


Chapter 31: လူသတ်သမားအရေအတွက်

နေဝင်လာကာ စက်ရုံအဆောက်အဦးအား ပိုမှိန်သွားစေသည်။ ဖိန်းကောနောက်မှ ပြတင်းပေါက်မှာ ညဘက်နှင့်အတူ တဖြည်းဖြည်း အရောင်စွန်းထင်းလာပြီး အဖုများမရှိသည့်ခေါင်းအား သရဲခြောက်သည့်အိမ်ထဲ မကောင်းဆိုးဝါးအဖြစ် ဝတ်ဆင်ထားသော သရုပ်ဆောင်နှင့် တူအောင် လုပ်ထားသည်။

အစစ်မဟုတ်သောခေါင်းမှာ သက်ရှိခန္ဓာကိုယ်အား ချိတ်ဆက်ထားသကဲ့သို့ဖြစ်သည်။

သွားရှစ်ချောင်းပေါ်နေသောအပြုံးအား သူ့ခေါင်းပေါ်ဆိုးထားပြီး သူ၏စိုစွတ်သည့်မျက်လုံးအိမ်များမှာ ပို၍ပင်နီရဲလာသည်။

ဖိန်းကောသည် ထိုင်ချင်သည်သို့မဟုတ် ရှေ့သို့သူ့ကိုယ်သူပစ်လိုက်ချင်ပုံရသည်။ သူသည်ရှေ့နောက်ခါယမ်းနေသော်လည်း ကံဆိုးစွာနှင့် သူ၏ခြေထောက်မှာ အလုပ်လုပ်နေပုံမရဘဲ သူသည်မြေပြင်ဆီသို့ အခိုင်အမာတွယ်ကပ်နေသည်။ သူသည်အပေါ်အောက်ခုန်နေသော သေတ္တာထဲမှလူရွှင်တော်နှင့်တူသည်။

ဤသည်မှာ သက်ရှိလူသားတစ်ယောက် မလုပ်နိုင်သောအရာဖြစ်သည်။

"ဟားဟား" သူသည် ပြတ်တောင်းပြတ်တောင်းပြောနေသည်။ သူ၏အသံမှာ အော်ငိုမိလုနီးပါးဖြစ်နေသည်။ "ဟားဟား...."

ဤသာမန်မဟုတ်သည့်မြင်ကွင်းကိုမြင်ကာ ရဲသားများစွာမှာ စိတ်လှုပ်ရှားလာကြသော်လည်း သူတို့မည်သူကမျှ နောက်မဆုတ်ကြပေ။ သူတို့သည် "ကျွမ်းကျင်သူ" ကျုံးချန်းရှော်မှာ ပြေးသွားရန် ပြင်ဆင်ကာ ပြဿနာတစ်ခုခုရှိလျှင် သူတို့အား ကယ်တင်မည် ဖြစ်သောကြောင့် အသက်အောင့်ကာ ကြည့်နေကြသည်။

ဖိန်းကောသည် နှစ်မီတာအတွင်း ရောက်ကာ သူ့လမ်း‌ကြောင်းထဲ မရပ်မချင်း ဒယိမ်းဒယိုင် ဖြစ်နေသည်။

သူသည် ကျုံးချန်းရှော်၏ရှေ့တွင် မျက်နှာချင်းဆိုင်ဖြစ်လုနီးပါးရပ်ကာ ထိုစာသားအား ထပ်ခါတလဲလဲ ပြောနေသည်။ သူ၏အသံမှာ ပျက်စီးကာ ထပ်တလဲလဲဖြစ်နေသည့် တေးသွားကဲ့သို့ မြင့်သော်လည်း နိမ့်ပြီးဩကာ ပုံပျက်ပန်းပျက် ဖြစ်သည်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now