Part 30.2

350 35 0
                                    


"သမိုင်းမှတ်တမ်းတွေထဲမှာ ကျုံးယီကလက်စားချေမှုနဲ့ မကောင်းဆိုးဝါးကိုမုန်းတီးခဲ့တယ်။။ သူကကမ္ဘာပေါ်က နတ်ဆိုးတွေနဲ့သရဲတွေအားလုံးကို သတ်ပစ်ခဲ့ပြီး နောက်ပိုင်းမျိုးဆက်တွေအတွက် မကောင်းဆိုးဝါးသတ္တဝါတွေရဲ့ မှတ်တမ်းတွေအများကြီးကိုချန်ထားတယ်။ ဒီလူကအစပိုင်းမှာ တိုင်းပြည်တရားရုံးကို သစ္စာရှိပြီး ဟွားကျီနယ်ပယ်ရဲ့နောက်ခံရှိတယ်- မင်းကသူတို့ကို ရှန်ရဲ့နောင်တော်အဖြစ် သတ်မှတ်နိုင်တယ်"

လုရှောင်ဟယ်က သက်ပြင်းချလိုက်သည်။

ကျုံးချန်းရှော်: "ငါတို့ကအခု လူသိရှင်ကြား*လား"

*ရှင်းလင်းချက်- ပြည်သူကို ဝန်ဆောင်မှုပေးသော အစိုးရ၏အစိတ်အပိုင်းတစ်ခုအဖြစ်။

"အတိအကျတော့ မဟုတ်ဘူး။ ဒီအဖွဲ့မှာ ကိုယ်ပိုင်လုပ်ငန်းရှိတယ်။ ဥပမာ ငါ့အတန်းဖော်တစ်ယောက်က အနီးနားကဌာနထဲမှာ နည်းပညာနဲ့ ပတ်သက်နေတယ်။ ဒီနှစ်ထဲမှာ တော်တော်ရောင်းကောင်းနေတဲ့ ARနည်းပညာအသစ်ကို တီထွင်ထားတယ်။ သူကလည်း အာရုံကြောသိပ္ပံပညာရှင်ဖြစ်ပြီး ဒီမှာအနီရောင်ချိတ်ပိတ်ထားပြီး အတိတ်ကမကောင်းဆိုးဝါးသတ္တဝါတွေအပေါ် အချက်အလက်အများကြီးယူလာတယ်"

တူညီသောအာရုံကြောပညာရှင် မစ္စလုက လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။

ကျုံးချန်းရှော်၊ ယင်းရန်: "....." ARရဲ့လက်တွေ့ဆန်မှုကို မြှင့်တင်ဖို့အတွက် သရဲတွေကိုတိုက်ခိုက်တဲ့ အတွေ့အကြုံကိုသုံးပြီး စိတ်ကျေနပ်စရာရလဒ်တွေ ထွက်လာတဲ့ပုံပဲ။

"ထားလိုက်တော့။ ငါတို့ခေါင်းစဉ်နဲ့လွဲနေပြီ" လုရှောင်ဟယ်က စာအုပ်ကိုပွတ်လိုက်သည်။ "ဘာပဲဖြစ်ဖြစ် ဒီစာအုပ်ကို ရိတ်သိမ်းသူတော်တော်များများက သူတို့ရဲ့ကိုယ်ပိုင်အသိဥာဏ်တွေနဲ့ အတွေ့အကြုံတွေကို ထပ်ဖြည့်ပြီး အကြိမ်ပေါင်းများစွာ ပြန်ပြင်ထားတယ်။ မင်းအဲ့ဒါကို လောက‌အတွေးအခေါ်ရဲ့စွယ်စုံကျမ်းအဖြစ်ထင်နိုင်တယ်"

သူမသည် ခံ့ညားထည်ဝါသော ရှေးဟောင်းပန်းချီကားကိုပိတ်လိုက်ပြီး စာသားများပြည့်နေသောစာအုပ်မှ စကန်ဖတ်ထားသောစာမျက်နှာနှင့် အစားထိုးလိုက်သည်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now