Part 31.2

270 29 1
                                    


ကျုံးချန်းရှော်သည် ဝမ်းနည်းစရာပုံရိပ်ကြောင့် စိတ်ထဲမထိသွားပေ။ သူသည် တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ "မင်းက ဆူညံသံ လုပ်နိုင်သေးတဲ့ပုံပဲမို့ 'ဟ'သံတစ်သံက ဟုတ်တယ်ဖြစ်ပြီး 'ဟ'သံနှစ်သံက မဟုတ်ဘူးလို့ ဆိုလိုတာပဲ။ ငါမင်းကိုထပ်မေးမယ်။ မင်းငါ့ကို နားလည်လား"

ဝူဖိန်းဖိန်း: "......"

ဝူဖိန်းဖိန်း: "ဟ"

"မင်းက ဒီနှစ်၁၂နှစ်လား"

"ဟဟ"

"အရမ်းကောင်းတယ်" ကျုံးချန်းရှော် ခေါင်းငြိမ့်လိုက်သည်။ "ဇူလိုင်၁၃ရက် မနက်အစောကြီးမှာ မင်းက ဝူထောင်နဲ့ ပိတ်ထားတဲ့နေရာကို ပတ်လျှောက်သေးလား"

"ဟ"

"မင်းတို့က အမျိုးသမီးတစ်ယောက်ကို တိုက်ခိုက်ဖို့ ကြံနေတာလား။ ငါနားလည်သလောက်တော့ ဝူထောင်က 'သန့်ရှင်းပြီး ပြဿနာမရှာတတ်'တဲ့ တစ်ယောက်ယောက်ကို ရှာနေတယ်လို့ ပြောတယ်" ကျုံးချန်းရှော်မှာ တည့်တိုးပြောသည်။ "ဝူဖိန်းဖိန်း၊ မင်း မလိမ်တာ ပိုကောင်းမယ်။ 'လက်ရှိအနေအထား'နဲ့ 'ထောင်ချပစ်မယ်'ကြားထဲ ဘာကပိုဆိုးလဲဆိုတာ မင်းသိသင့်တယ်"

ဝူဖိန်းဖိန်း၏နှုတ်ခမ်းများမှာ တုန်ခါနေသည်။ "ဟ..."

"မင်းက ဝူထောင်နဲ့ တစ်ချိန်လုံးရှိနေတာလား"

"ဟ"

"မင်း ဝူထောင်ရဲ့ပန်းတိုင်နဲ့ ထိတွေ့မှုရှိသွားလား"

"...ဟ"

"မှုခင်းနေရာမှာ အခြားသဲလွန်စတွေ မရှိဘူး။ ဝူ‌ထောင်ရဲ့တိုက်ခိုက်မှုက မအောင်မြင်သွားသင့်ဘူး။ ငါမင်းကို မေးခွန်းမေးမယ်။ မင်း ဝူထောင် သေသွားတာကို မျက်မြင်တွေ့-"

"နေဦး မမေးနဲ့-" ယင်းရန်သည် ကျုံးချန်းရှော်၏ပါးစပ်ကို ပိတ်ရန် အချိန်မရှိခဲ့ပေ။

"ဝူထောင်၏သေဆုံးမှု"ဟူသော စကားများကိုကြား‌ကာ ဝူဖိန်းဖိန်းသည် အကြောတက်လာပြီး အရူးအမူး စရုန်းကန်တော့သည်။ သူသည် ချုပ်တည်းမှုများကို ဖက်တွယ်ကာ ရုန်းကန်နေပြီး နောက်ပိုင်း သက်ရောက်မှုများကိုပင် ချန်ထားရလောက်အောင် အလွန်မြန်မြန်လှုပ်ရှားသည်။ သူသည် တစ်စုံတစ်ယောက်ကြောင့် အရိုက်ခံရသည့်အလား တိကျသော အချိန်များတွင် သူ၏လည်မျိုမှ ထွက်လာသော အော်သံများရှိသည်။ လေးလံသ‌ည့်ဆေးရုံကုတင်မှာ စတင်တုန်ခါလာပြီး နံရံအားကျယ်လောင်စွာ ရိုက်ခတ်နေသည်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now