Part 39.2

87 11 0
                                    


ကောင်လေးမှာမလှုပ်ရှားနိုင်ကြောင်း သေချာအောင်လုပ်ပြီးနောက် ကောင်လေးကသူ၏ကျောပိုးအိတ်ကိုကောက်ယူကာ မြေကြီးထဲသို့ စာရင်းများကိုပစ်လိုက်သည်။

"အမှိုက်၊ အမှိုက်၊ အမှိုက်...အိုး အဲ့မှာပဲ"

လူကြီးသည်သူ့အိတ်ကပ်ထဲမှ ရှေးဟောင်းစာများနှင့်ထွင်းထားသော သစ်သားသေတ္တာကိုထုတ်ပြီးနောက် အထဲမှအရေပြားနှင့်တူသော အနီရောင်အဝတ်အစားထူထူကို ထုတ်လိုက်သည်။ သူသည်သတိနှင့်ထိုင်ချကာ သူ၏လက်များကို အနီရောင်အဝတ်အစားထဲပတ်ပြီး သူပစ်လိုက်သောတစ်စုံတစ်ခုကို ဆုပ်ကိုင်လိုက်သည်။

သို့‌သော်သူသည်ပစ္စည်းအား ကောက်ယူတော့မည့်အချိန်တွင် သေးငယ်သောလက်မှာ သူ့ဘောင်းဘီများကိုဆုပ်ကိုင်လိုက်သည်။

[မလုပ်နဲ့...] ဖုန်းချီသည်ချောင်းဆိုးကာ တောင်းပန်ပြီး သူ့မျက်လုံးများကို မနည်းဖွင့်နိုင်သည်။

"ငါနားမလည်ဘူး" လူကြီးကတီးတိုးပြောသည်။ သူသည်အေးဆေးရွှေ့လိုက်ကာ ကောင်လေး၏လက်ပေါ်တွင် ခြေနင်းလိုက်သည်။

သွေးမျက်ရည်များမှာ ကောင်လေး၏ပါးများပေါ်စီးကျကာ အော်ဟစ်ငိုကြွေးလိုက်သည်။

"သူပြောတာက သူ့ပစ္စည်းတွေကိုမထိနဲ့တဲ့"

အေးဆေးဖြစ်နေသောအသံမှာ လူကြီး၏‌အနောက်မှထွက်လာသည်။

လူကြီး၏လှုပ်ရှားမှုများက တောင့်တင်းသွားသည်။ လက်များမှာအမြန် ဖွဲ့စည်းမှုတစ်ခုဖြစ်သွားသည်။ သူတို့သည်လက်နှစ်ချောင်းကိုမြှောက်ကာ သူတို့၏သွားများနှင့်အစွယ်များကို အဆိပ်ရှိသောပင့်ကူများကဲ့သို့ ကြိတ်ထားကြသည်။

"နစ်မြုပ်နေတဲ့အဖွဲ့အစည်းကလးလား။ ကလေးတွေကိုအနိုင်ကျင့်တာ ပျင်းစရာကြီး။ ပိုစိတ်လှုပ်ရှားဖို့ကောင်းတဲ့ တစ်ယောက်ယောက်နဲ့ ကစားချင်လား"

"ဘယ်သူ..."

"မင်း"ဟုမပြောနိုင်ခင် မိုးကန့်လန့်ကာကလှုပ်ရှားသွားကာ သူဆုပ်ကိုင်ထားသော အနီရောင်အဝတ်နှင့်ပစ္စည်းတို့မှာ အတူပျောက်ကွယ်သွားသည်။ လူကြီးမှာ အထိတ်တလန့်လှည့်ကြည့်ကာ ဖိတ်ကြားမထားသောဧည့်သည်ကိုကြည့်လိုက်သည်။

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now