Part 14.2
"ရှဲ့ချောင်က တစ်ချိန်လုံး မုန်ယွီကို လိုက်တွယ်ကပ်နေတာ..အဲ့ဒီအကြောင်းတွေ သူ ကျွန်မကိုခဏခဏရင်ဖွင့်တယ်..သူ့အသံနားထောင်ရတာလည်း စိတ်မချမ်းသာပါဘူး...ရှဲ့ချောင် နင့်ကိုဘာလုပ်ထားလဲလို့ မေးတော့ကျ ဘယ်တော့မှပြန်မဖြေဘူး...တမင်သက်သက် မဖြေချင်လို့ ရှောင်တာမျိူးမဟုတ်ဘဲနဲ့ မပြောရဲတာမျိူးဖြစ်နေတယ်"
သူတို့တွေလည်း ဒီအချက်ကိုပဲ သံသယဝင်နေတာ။
ပြန်လည်တက်ကြွလာတဲ့ ကျူံးချန်းရှော်က နွားနို့ကို တစ်ကျိုက်တည်း ကုန်အောင်မော့ချလိုက်ပြီး အာရုံစူးစိုက်မှုအပြည့်နဲ့ နားထောင်နေတယ်။ ယင်းရန်မှာထားတဲ့ ရေခဲမုန့်ပွဲကြီးကဖြင့် ပြောင်သွားတာကြာခဲ့ပြီ။ ခွက်ဖင်မှာ ခရင်မ်ပါးပါးပဲ ကပ်ကျန်နေတော့တယ်။
အဲ့ဒီလောက်အများကြီးကို သူ ဘယ်လိုပုံစံနဲ့ အိန္ဒြေရရစားလိုက်သလဲဆိုတာတော့ ဘုရားပဲသိမယ်။ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ လင်းပေ့တောင် မူမမှန်တာဘာဆိုဘာမှ သတိမထားမိလိုက်ဘူး။
သူမ ဖုန်းဆွဲထုတ်ပြီး ကောင်းမုန်ယွီနဲ့ အပြန်အလှန်ပို့ထားတဲ့ မက်ဆေ့တွေထဲဝင်လိုက်တယ်။ ပို့ထားတဲ့ဒိတ်တွေကြည့်ရသလောက်တော့ ရှဲ့ချောင်သေပြီးသိပ်မကြာခင်က မက်ဆေ့တွေပဲ။
['ငှက်မွှေးကြောင်'မှ မက်ဆေ့ပြန်ဖျက်သွားသည်]
[ဖူးပျိူမေ: ရပါတယ် ပြန်ဖျက်စရာမလိုဘူးလေ..နော်?]
['ငှက်မွှေးကြောင်'မှ မက်ဆေ့ပြန်ဖျက်သွားသည်]
[ဖူးပျိူမေ: ကိုယ့်ကိုကိုယ်ဖိအားမပေးပါနဲ့..နေမြဲအတိုင်းပဲနေ]
[ငှက်မွှေးကြောင်: ငါအပြင်မထွက်ရဲတော့ဘူး...အပြင်မှာအရမ်းအေးတယ်..ပြီးတော့ နေရာတိုင်းမှာ နှင်းဆီပန်းနံ့တွေနဲ့]
[ငှက်မွှေးကြောင်: ငါနည်းနည်းကြောက်နေလို့...နင် ဒီရက်ပိုင်းထဲ အားလား?]
ဒါ သူမတို့နှစ်ဦး နောက်ဆုံးပို့ထားတဲ့ စာတွေ။
"ကျွန်မ အဲ့ဒီတုန်းက ရုံးမှာအလုပ်ရှုပ်နေလို့ စာမပြန်ဖြစ်တာပါာ...နောက်တော့ သူ ကျွန်မကို လုံးဝမဆက်သွယ်တော့ဘူး..ကျွန်မထင်လိုက်တာ... "
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...