ဤအရာမှာအားသန်သော်လည်း ရှီအန်း၏ရှန်းကျန်းနှင့်မယှဉ်နိုင်ပေ။ ၎င်းသည်ဖန်းယွမ်ယွမ်နှင့် အတူတူဖြစ်နိုင်သည်။
ယင်းရန်သည်သူ့စိတ်ထဲ တိတ်တဆိတ်ဆုံးဖြတ်ချက်ချရင်း သူ့မျက်နှာပေါ်မှ စိတ်လှုပ်ရှားနေသောအကြည့်ဖြစ်နေသည်။
"သရဲအရှင် ယင်းရန်"
နတ်ဆိုးဝိညာဉ်မှာ အနည်းငယ်နီးကပ်စွာ ချဉ်းကပ်လာသည်။ ၎င်း၏အသံမှာအေးစက်သည်။
"...အလောင်းကျေးကျွန်ရဲ့ အင်းဆက်အလောင်းတွေကို ခြေရာခံဖို့မလွယ်ဘူး"
"အင်းဆက်အလောင်းလား။ ဘာအင်းဆက်အလောင်းလဲ" ယင်းရန်ကမျိုချလိုက်ပြီး အရူးလုပ်ချင်ဟန်ဆောင်သည်။
သရဲမှာပြုံးသော်လည်း မတုံ့ပြန်ခဲ့ပေ။ အပေါက်သုံးပေါက်မှာ ယင်းရန်အားတည့်တည့်စိုက်ကြည့်နေဆဲဖြစ်သည်။
ယင်းရန်သည် နောက်သို့နှစ်လှမ်းဆုတ်ကာ အဓိပ္ပာယ်မရှိသောအရာများကို ဆက်ပြောတော့သည်။ "ဒါကိုပြောစရာမလိုပေမယ့် မင်းကဘာလို့ ငါ့ကိုရှာနေတာလဲ။ ငါကဒီတိုင်း လူသစ်တစ်ယောက်ဖြစ်ပြီး ငါဘယ်သူလဲဆိုတာကိုတောင် မမှတ်မိဘူး။ ငါ့ကိုလွှတ်"
ဤနတ်ဆိုးဝိညာဉ်များနောက် သရဲအရှင်တစ်ယောက်ရှိကာ သူ၏အင်အားကိုဖုံးကွယ်ထားသောသူနှင့် ယင်းရန်မှာသူတို့သည် ရန်သူများဖြစ်သလားကို မခွဲခြားနိုင်ပေ။ ယင်းရန်သည် အခြားသူများ၏လှည့်ကွက်များထဲ မကျချင်ခဲ့ပေ။
"လူသစ်။ ဟားဟား လူသစ်...အင်း၊ မင်းကသေချာပေါက် စွမ်းရည်ကောင်းတွေနဲ့လူသစ်ပဲ။ မင်းကရှီအန်းဆီပါဖို့ ရည်မှန်းချက်မရှိဘူးလား" သရဲ၏မျက်လုံးနက်နက်များမှာ ယင်းရန်ဆီသို့ပြေးလာသည်။ "ငါတို့နဲ့အင်အားတွေပေါင်းတာ ပိုကောင်းတယ်...ငါတို့မင်းကို ကူပေးနိုင်တယ်"
"ငါ့ကိုကူမှာလား။ မင်းတို့ကဘယ်သူတွေလဲ"
"ကိစ္စတွေကဒီအထိရောက်လာပြီမို့ မင်းမသိသလိုဟန်မဆောင်ပါနဲ့" သရဲကအော်လိုက်သည်။ "ဒီတစ်ခါနောက်ဆုံးပြောမယ်။ အရူးလိုလိုလုပ်မနေနဲ့"
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...