Part 34.2

127 13 0
                                    


"သမ္မတ" သည် သူ့အင်္ကျီလက်များကိုမလိုက်ပြီး ဈေးကြီးပုံရသည့် သူ့လက်ကောက်ဝတ်ရှိနာရီကို ဖော်ပြလိုက်သည်။

"ဘီတက္ကသိုလ်က ဘဏ္ဍာရေးPh.D.ရထားတယ်။ x8 ထဲဘွဲ့ရခဲ့တယ်"

"အေတက္ကသိုလ် ဇီဝဗေဒမဟာဘွဲ့။ x9ထဲမှာဘွဲ့ရတယ်" ကျုံးချန်းရှော်သည် မီနူးကိုစိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

"အေတက္ကသိုလ်ပဲ။ ငါအဲဒီကိုသွားချင်ပေမယ့် ကံမကောင်းတာက ငါအမှတ်တစ်မှတ်နှစ်မှတ်လောက် လိုသွားတယ်"

ထိုလူသည်အထင်ကြီးပုံမပေါ်ပေ။ သူ့မျက်လုံးများသည် ကျုံးချန်းရှော်၏မျက်နှာအသွင်အပြင်ကို တစ်ခဏမျှစိုက်ကြည့်ပြီးနောက် သူ၏လက်ပတ်များဆီသို့ရောက်သွားသည်။

"...တက္ကသိုလ်တစ်ခုရဲ့ ဇီဝဗေဒဌာနအကြောင်းပြောရင် ဘွဲ့ကြိုကျောင်းသားဘဝတုန်းက တစ်ခုခုဖြစ်ခဲ့လား။ သူတို့အဆောင်တွေဖွင့်တဲ့အခါ အွန်လိုင်းမှာလူကြိုက်များတာတွေ အများကြီးဖြစ်ခဲ့တယ်‌ဆို"

"ဖြစ်ခဲ့တယ်"

"ဆန္ဒပြတာတွေ ဖြစ်ခဲ့တယ်လို့ပြောကြတယ်။ တစ်ယောက်တည်းကလွဲလို့ ပါဝင်ပတ်သက်သူအားလုံးကအဖမ်းခံရပြီး အဆောင်တစ်ခုလုံး လုံးဝပျက်စီးသွားတယ်။ အဖမ်းမခံရတဲ့သူက သူတို့သတင်းပေးတဲ့သူလို့ ကောလဟာလတွေထွက်လာတယ်။ အာ အဲ့လူဘာတွေတွေးခဲ့လဲမသိဘူး။ ငါသာဆိုသေချာပေါက်မလုပ်ဘူး။ မနာလိုဖြစ်တယ်...အဲဒီခွေးကောင်ဘာဖြစ်သွားလဲ။ မင်းသူ့အကြောင်းတစ်ခုခုကြားမိလား"

"သတင်းပေးသူကငါပဲဆိုတာကို ငါကြားခဲ့တယ်" ကျုံးချန်းရှော်က တည်ငြိမ်စွာပြန်ဖြေလိုက်သည်။ "တစ်ခုခုမှားလို့လား"

မစ္စတာသမ္မတ: "......"

ထိုလူကလက်ဖက်ရည်အနည်းငယ်သောက်ပြီး ကသိကအောက်ရယ်မောလိုက်သည်။ "ဒါဆို မင်းပဲပေါ့။ အေတက္ကသိုလ်ကိုတက်ဖို့လူတွေအတွက် မလွယ်ဘူးဆိုတာမင်းသိတယ်။ ကိစ္စကြီးဖြစ်ရင်ဒါက လူတွေရဲ့အနာဂတ်ကို ဖြတ်တောက်ပစ်နိုင်တယ်။ မင်းကမ္ဘာကြီးကို ကယ်တင်ဖို့ ဝါသနာပါရင်တောင် မင်းရဲ့အတန်းဖော်တွေမရှိတဲ့အချိန်ကို ရွေးသင့်တယ်..."

လူသားလိုမိစ္ဆာမျိုး...Where stories live. Discover now